OSI 7 Layer (Myanmar Version)




Open Systems Interconnection model (OSI model) ကို Computer system တွေကြားမှာ error-free
communication ဖြစ်စေဖို့ International Organization for Standardization (ISO) က သတ်မှတ်ခဲ့တာပါ.
ဘယ်လိုကြောင့်လဲ ဆိုတော့.. ကွန်ပျူတာ ထုတ်တဲ့ company တွေ အများကြီးရှိသလို ကွန်ပျူတာတွေ Netwrok
တွေ အပြန်အလှန်ချိတ်ဆက်ဖို့ device ထုတ်တဲ့ company တွေ ကလဲ အများကြီးပါ. မတူညီတဲ့ company တွေက
ထုတ်တဲ့ နည်းပညာ မတူတဲ့ device တွေ ကွှန်ပျူတာတွေ, Network တွေ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ချောချောမွေ့ မွေ့ 
နဲ့ အချိတ်အဆက်မိစေဖို့ စံသတ်မှတ်ပေးထားတဲ့ standard model တစ်ခု ချမှတ်ခဲ့တာပါ. ပြောရရင်တော့ဗျာ..
Computer တွေ Node တွေ တစ်ခုနဲ့ တစ်ခုကြားမှာ သုံးမယ့် physical media တွေ Encrypting Type တွေ rule တွေ
application တွေ protocols တွေ encoding/decoding စတာတွေကို သတ်မှတ်ပေးထားတဲ့ Standard model
တစ်ခုဖြစ်ပါတယ်. OSI model မှာ Layer 7 ခုရှိပါတယ်.. အဲ့တာတွေကတော့…
(1).Physical Layer ဆိုတော့ OSI model ရဲ့ ပထမဆုံး layer ဖြစ်ပါတယ်.သူက data တွေကိုBit အနေနဲ့ ပို့ပါတယ်.
သူ့တာဝန်က pin no, volt, dB(အလင်းပြင်းအား), cable (Twisted Pair, Coaxial Cable, Optical Fiber), electrical/optical
signal(on, off, 0, 1), frequency စတာတွေကို standard တစ်ခု သတ်မှတ်ပေးထားပါတယ်. ပြီးတော့ signal timing
ပြောရရင် Data singal တစ်ခု 0 ပို့ပြီးရင် နောက် Data Signal တစ်ခု 1ကို ချက်ချင်း ပို့လိုက်လို့်မရပါဘူး.. အချိန်အပိုင်းအခြာ
းတစ်ခု Nano second ပိုင်းလောက်ကြာသည်အထိ စောင့်ပြီးမှပို့မှ ရပါမယ်. အဲ့သည် Data signal တွေကြားကြာချိန်တွေ
ကိုလဲသက်မှတ်ပေးထားရပါတယ်.Transmitter နဲ့ Receiver ကြား Signal Timing မတူရင် Timing လွဲရင် error တက်နိုင်ပါတယ်.
ပီးတော့ wireless device တွေ အတွက်ဆိုရင်လဲ.. သုံးရမယ့် Frequency(2.4Ghz, 5Ghz,.etc) တွေကို တူညီမှရပါမယ်
မတူညီခဲ့ရင် communicate လုပ်လို့မရပါဘူး.. တစ်ခါ transmission mode တွေဖြစ်တဲ့ simplex, half duplex, full duple
mode တွေကိုလဲ Physical Layer က define လုပ်ပါတယ် လုပ်ဆောင်တာကတော့ Session Layer ကလုပ်ဆောင်ပေးပါတယ်.
နောက်ပြီး Physical topology တွေ ဖြစ်တဲ့ Bus, Meshတို့ ring တို့ကလဲ Physical Layer နဲ့ပဲ သက်ဆိုင်ပါတယ်.
Physical Layer ရဲ့ အဓိက တာဝန်ကတော့ သူ့အထက်Layer ဖြစ်တဲ့ DataLink Layer ကနေ ပို့သမျှ data frame တွေကို
bit signal(0,1) တွေ အနေနဲ့ ပြောင်းလဲပြီး ပို့ဆောင်ပေးရပြီး ၀င်လာသမျှကိုလဲ လက်ခံယူပြီး datalink layer ကို frame
တွအနေနဲ့ ပြန်လည်ပိုဆောင်ပေးပါတယ်.
DataLink Layer ကတော့ OSI မှာ ဒုတိယမြောက် Layer ဖြစ်ပြီးတော့ Physical Layer နဲ့ Network Layer တို့
အကြားမှာ ရှိပါတယ်. သူက Data တွေကို Frame တစ်ခု အနေနဲ့ ပြောင်းပြီး ပို့ဆောင်ပေးပါတယ်.အဓိက တာဝန်ကတော့
sender နဲ့ receiver ကြားက Network မှာ ရှိတဲ့ device တွေကြား data ပို့လိုက်ရင် collision ဖြစ်မဖြစ် အရင်စစ်ပါတယ်
ပြီးမှ ok ပြီဆိုတော့မှ data စတင်ပို့ပါတယ်. ဥပမာ Sender A နဲ့ receiver D ကြားမှာ Device Bနဲ့ C ရှိတယ် ဆိုကျပါဆို.
ပထမဆုံး sender A and devive B ကြားမှာ collision ဖြစ်မဖြစ် တစ်ခါ စစ်ပါတယ် clear ဖြစ်မှ data ပို့ပါတယ်. တစ်ခါအဲ့လိုပဲ
device B နဲ့ C ကြားမှာလဲ စစ်ပါတယ် clear ဖြစ်မှ data ပို့ပါတယ် နောက် ဆက်စစ်ပါတယ် device C နဲ့ receiver D ကြားကို
အဆင်ပြေမှ data ပို့ပါတယ် ပြောရရင် နောက်ဆုံလက်ခံမယ့်သူဆီ မရောက်မချင်းလမ်းမှာ ရှိသမျှ point to point ချိတ်ထားတဲ့
segment တိုင်း အပိုင်းတိုင်းကိုစစ်ပါတယ် collision ဖြစ်နိုင်မဖြစ်နိုင်ကို ပြီးမှ data ကိုပို့ပါတယ်.
သူမှာ SubLayer 2 ခုရှိပါတယ် Media Access Control (MAC) Sublayer နဲ့ Logical Link Control (LLC) Sublayer တို့
ဖြစ်ပါတယ်. Logical Link Control(LLC) sublayer ကတော့ point to point Node လေးတွေကြားမှာ logical connection
တစ်ခု အရင် ဖန်တီးပေးပါတယ် ပြီတော့ data တွေ အဲ့ connection Link လေးပေါ်ကသွားနိုင်အောင် အသင့်ပြင်ပေးပါတယ်.
Media Access Control Sublayer မှာ.. MAC address(Layer 2 address, Physical address လို့လဲ ခေါ်ပါတယ်) ကို
သုံးပြီးတော့ .. Frame တွေကို Point to Point Directly connected node တွေ ကြား ပို့ဆောင်ပေးပါတယ်.် Data Link Layer
မှာ synchronization, bit error detection/correction error control, and flow control စတာတွေ လုပ်ဆောင်ပါတယ်.
switch သည် Layer 2 device ဖြစ်ပါတယ်..
OSI Layer ၇ဲ့  ၃ ခု မြောက် Layer ကတော့ Network Layer ဖြစ်ပါတယ် Network layer က data packet တွေရဲ့ logical
addressing(ဥမာ IP address) အချက်အလက်တွေကို တာဝန်ယူဆောင်ရွက်ပေးပီးတော့ အဲ့ဒိ packet တွေကို သွားချင်တဲ့
(destination address) လိုရာခရီးရောက်အောင်ပို့ဆောင်ပေးပါတယ်.
သူရဲ့  Function တွေကတော့ routing and Forwarding, addressing, internetworking, traffic problems management
(flow control), error handling, congestion control and packet sequencing တို့ပဲ ဖြစ်ပါတယ်. သူ့ရဲ့အလုပ်လုပ်ပုံကတော့
packet တခုဝင်လာပီဆိုတာနဲ့ memory ထဲမှာ မှတ်သားသိမ်းဆည်းထားတဲ့ routing table ကိုကြည့်ပြီးတော့ ၀င်လာတဲ့ Packet
သွားရမယ့် destination ရဲ့ logical address ကို ကြည့်ပြီး routing table ထဲမှာ ရှိခဲ့ရင် အဲ့ packet နဲ့ သက်ဆိုင်တဲ့ Network
ကို ပို့ဆောင်ပေးပါတယ်. ပို့ဆောင်ပေးတဲ့နေရာမှာ လဲ destination ကိုသွားနိုင်မယ့်လမ်းက တစ်ခုမကရှိနေရင် Data Packet
တွေကို ဖြန့်ပြီးပို့ဆောင်ပေးပါတယ်. Network Layer မှာ သုံးတဲ့ protocol ပေါ်မူတည်ပြီး packet ရဲ့ destination ကို သွားနိုင့်မယ်
လမ်းကြောင်း(Route) ကို ရွေးချယ်ပုံချင်းမတူညီကျပါဘူး. Logical address တွေက same network မှာ computer တစ်လုံးနဲ့
တစ်လုံးမတူရပါဘူး.. Network Layer မှာ သုံးတဲ့ logical address ကို TCP/IP သုံးထားတဲ့ network မှာဆို IP address
လို့ခေါ်ပါတယ်.
နောက်တစ်ခုကတော့ Transport Layer ပါ. သူကတော့ OSI model မှာ 4th layer မှာ တည်ရှိပါတယ်. Transport Layer
ကဘာတွေလုပ်ဆောင်ပေးလဲဆိုတော့ sender နဲ့  receiver Node (logical end to end Point) တွေကြား အပြန်အလှန်
ပို့လိုက်တဲ့ Dataတွေ ကို error-free ဖြစ်စေဖို့. Sequence အတိုင်းအစဉ်လိုက်ဖြစ်အောင် ဆုံးရှုံးမှု(data loss) မဖြစ်အောင်
data တွေကို အကြိမ်ပို့မိတာမျိုး(Data Duplication)မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်.
ဘယ်လိုမျိုးလဲဆိုတော့ သူရဲ့ အပေါ် Layer ဖြစ်တဲ့ session layer က ပို့လိုက်တဲ့ data packet တွေကို သေးသေးလေးတွေဖြစ်အောင်
ပိုင်းလိုက်ပါတယ်(data units ရဲ့ size ကကြီးနေမယ်ဆိုရင်ပေါ့) ပြီးတော့ တစ်ခြားလိုအပ်တဲ့ additional information
လေးတွေလိုက်ထည့်ပေးပါတယ်. ဘာ information လေးတွေလဲဆိုတော့ packet တစ်ခုချင်းဆီမှာ ရှိတဲ့ date ရဲ့ byte
အရေအတွေက်တွေ, တစ်ခြား function information တစ်ခုဆီရဲ့ byte အရေအတွက်တွေ, အပြင်ပြီးတော့ error control
လုပ်ဖို့လဲ ထည့်ပေးထားပါတယ်. ဘယ်လို Error Control လုပ်တာလဲဆိုတော့ sender နဲ့ receiver ကြားမှာ data transfer
လုပ်တဲ့ အချိန်မှာ connection ကြောင့် ဒါမှ မဟုတ် ကြားခံ media တစ်ခုကြောင့် data တစ်ချို့  ပျက်စီးပျောက်ဆုံးတာမျိုး,
data သွားနေတဲ့ လမ်းကြောင်းမှာ တစ်စုံတစ်ယောက်က ၀င်ပြင်လိုက်တာမျိုးတွေ ကို သိနိုင်တဲ့ Method တွေ သင်္ချာ အခြေခံ
တွက်နည်းပုံစံ တွေနဲ့ တွက်ချက်ပြီး sender က ပို့လိုက်တဲ့ data တွေဟာ original အတိုင်းရှိမရှိကို စစ်ဆေးပါတယ်.
Error Control ကို ကြည့်ပြီး စစ်ဆေးလိုက်လို့် original အတိုင်း မဟုတ်တဲ့ data packet ဆို အဲ့ data packet တစ်ခုတည်းကိုပဲ
ပြန်ပို့ဖို့ request လုပ်ပါတယ်. အဲ့အခါကျရင် sender ဘက်က Transport Layer ကနေ ပြန်လည်ပို့ဆောင်ပေးပါတယ်.
Data တွေကို ပို့တဲ့ နေရာမှာ တစ်ဘက်နဲ့ တစ်ဘက် end-to-end reliable ဖြစ်ဖို့ အတွက် data လက်ခံရရှိပြီးတိုင် receiver
ကနေ sender ကို data ရရှိကြောင်း (acknowledge ပြန်) ပြောပါတယ်. အကယ်လို့ receiver ဘက်နေ data လက်ခံ
ရရှိကြောင်း ack မပြန်ဘူးဆို sender ကအချိန်အတိုင်းအတာ တစ်ခုထိစောင့်ပြီး နောက်တစ်ကြိမ် ထပ်ပို့ ပါတယ်(
Retransmitting Data). နောက်တစ်ခုက Flow control ပါ ကျွန်တော်တို့ data packet တွေ network အပေါ်သွားတဲ့
အခါမှာ ကြားမှာရှိတဲ့ router တွေ switch တွေ Gate way တွေကို အဆင့်ဆင့်ဖြတ်ပြီး သယ်သွားရပါတယ်.
အဲ့လိုသွားတဲ့အချိန်မှာ routerတွေ Gate-way တွေကြား သွားနိုင်တဲ့ speed တွေ bandwidth တွေကို Learning လုပ်ေ
လ့လာမှတ်သားပြီးတော့ ဘယ်router နဲ့  ဘယ်ကြားဆို ဘယ်လောက်နှုန်းနဲ့သွား ဘယ်နဲ့ဘယ်ကြားဆို ဘယ်လောက်သွားဆိုတာ
မျိုးကို Transport Layer ကနေထိန်းချုပ်လုပ်ဆောင်ပါတယ်. Transport Layer မှာ connection service ၂မျိုးသုံးပါတယ်
Connection-Oriented (TCP) နဲ့ Connectionless service (UDP) ပါ ဒီလောက်ဆိုရင် Transport layer အလုပ်လုပ်ပုံကို
သဘောပေါက်လောက်ပါပြီး. ;-)
CCNA (Routing & Switch) ခုမှ စလုပ်မယ့် သူတွေအနေနဲ့  ခုပြောခဲ့တဲ့ layer 4 ခုကို ကောင်းကောင်း သဘောပေါက်ဖို့
လိုပါတယ်။
Session Layer က ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံးကြားက Logical connection ကို control လုပ်ပေးပါတယ်.
တစ်နည်းပြောရရင် machine တစ်ခုပေါ်က application process တစ်ခု နဲ့ တစ်ခြား machine ပေါ်က application
process တစ်ခုကြား connection တစ်ခု(session တစ်ခု) စတင်ဖို့(establish), ထိန်းသိမ်းဖို့ (Maintain) နဲ့ data တွေ
ပို့လို့ြ့ပီးသွားရင် ဖျက်သိမ်းဖို့ (terminate) လုပ်ဆောင်ပါတယ်.ပြီးတော့ အဲ့ connection ကို simplexလား Half Duplexလား
Full Duplexလား ဘယ်modeနဲ့ လုပ်ဆောင်မယ်ဆိုတာကို session layer ကဆုံးဖြတ်ပါတယ်. အဲ့သည့် sessions တွေ ကို
dialogs လို့လဲ ခေါ်ပါတယ်.
ဘာလို့လဲ ဆိုတော့ ကျွန်တော့်တို့ လူတွေ ဖုန်းပြောပုံနဲ့ session အလုပ် လုပ်ပုံတူလို့ပါ. ဥပမာ.. လူတစ်ယောက်(A)
ကနေ ဖုန်းခေါ်လိုက်လို့ တစ်ခြားတစ်ယောက်(B) ကဖုန်းကိုင်ပြီးရင် ဖုန်းကိုင်လိုက်ကြောင်း စကားစပြောလို့ရကြောင်း
အချက်ပြတဲ့ အနေနဲ့ hello ဆိုပြီး လုပ်ပါတယ် တစ်နည်းပြောရရင် session establish လုပ်တယ်ပေါ့ဗျာ.. Hello လုပ်ပြီး
establish လုပ်လိုက်တာလဲ တစ်ဘက်နဲ့တစ်ဘက် စကားစပြောကျတော့တာပဲ(Data transfer လုပ်တယ်ပေါ့) အဲ့တော့
စကားလဲ ပြောစရာမချန်တော့ဘူးဆိုတော့မှ ဒါပဲနော် ဆိုပြီး ဖုန်းချတယ်လေ. အဲ့တာ session terminate လုပ်လိုက်တာပေါ့ဗျာ.
. Follow ကတော့ အတူတူပါပဲ
;-) အဲ့လောက်ဆို session layer အလုပ် လုပ်ပုံကို မြင်လောက်ပြီလို့ ယုံကြည်ပါတယ်..
Presentation Layer- ကဘာတွေလုပ်နိုင်လဲဆိုတော့.. application Layer ကနေ ပို့လိုက်တဲ့  data တွေကို sender
ဘက်ခြမ်းကနေ မပို့ခင်မှာ Network ထဲမှာ သွားလာနိုင်တဲ့ Format ပြောင်းပေးပါတယ် Encode လုပ်တယ်လို့လဲခေါ်ပါတယ်
(Character code translation>> from..ASCII to EBCDIC) ဥပမာပြောရင် ဒီဘက်က sender မှာ သုံးတဲ့ Character
code(Data Representation) က ASCII (American Standard Code for Information Interchange) ဖြစ်ပြီး
ဟိုဘက်တစ်ခြားဘက်ခြမ်းက receiver မှာ သုံတဲ့ Character Code က EBCDIC (Extended Binary Coded Decimal
Interchange Code) ဖြစ်နေနိုင်ပါတယ်.. Presentation Layer က sender ဘက်က ASCII code တွေကို Network
ထဲမှာသွားလို့ရမယ် format ပြောင်းပြီး dataတွေကို ပို့လိုက်ပါတယ်(encodingလုပ်တယ်လို့ခေါ်ပါတယ်) အဲ့ပို့လိုက်တဲ့
dataတွေကို လက်ခံတဲ့ဘက်ခြမ်းမှာ ရှိတဲ့ Presentation Layer ကနေပြီးတော့ EBCDIC code ကို ပြောင်းလဲပေးပါတယ်
(decoding လုပ်တယ်လိုခေါ်ပါတယ်). Encoding တစ်ဘက်နဲ့ တစ်ဘက် သုံးတဲ့ Mechanism တွေကတူချင်မှတူပါလိမ့်မယ်..
နောက်တစ်ခုကတော့ ကျွန်တော်တို့ data တွေ ဟိုဘက်ကနေ ဒီဘက်ကို transfer လုပ်တဲ့ အချိန်မှာ secure ဖြစ်စေဖို့
Encryption လုပ်တာကလဲ Presentation Layer ကနေလုပ်ဆောင်ပေးတာဖြစ်ပါတယ်. ဟိုဘက် ဒီဘက် Encryption
Decryption လုပ်တဲ့ စနစ်က တူညီဖို့လိုပါတယ် ပြောရရင် Encode/Decode လို ကွဲပြားလို့မရပါဘူး. နောက် Presentation
Layer ကနေလုပ်ပေးနိုင်တဲ့ တစ်ချက်ကတော့ Compression/Decompression ပါပဲ.. ကျွန်တော်တို့တွေ data ကို
network တစ်လျှောက်မပို့ခင်မှာ Data ကို compress လုပ်ပါတယ် compress လုပ်လိုက်တော့ Size သေးးသွားတာပေါ့
size သေးတော့ မြန်မြန် transfer လုပ်လို့ရတာပေါ့ဗျာ.. ဟိုဘက်တစ်ခြားဘက်ေ၇ာက်တော့ကျမှ ရလာတဲ့ data ကို
decompress ပြန်လုပ်လိုက်မှသာ original အတိုင်းပြန်ရမှာပါ့.. အကျဉ်းခြုံး ပြောရရင်တော့ဗျာ.. data ကိုမပို့ခင်မှာ ပထမဆုံး
encode လုပ်လိုက်ပါတယ် ပြီးတော့ security အတွက် encode လုပ်ထားတဲ့ data ကို encrypt လုပ်ပါတယ်.
ပြီးတော့ network ပေါ်မှာ ပို့ရတာမြန်အောင် data size ကြီးမနေအောင် compress လုပ်လိုက်ပါတယ်.
အဲ့လိုလုပ်ပြီးတော့မှ ပို့လိုက်ပါတယ်. လက်ခံတဲ့ဘက်ခြမ်းမှာကျတော့ ရလာတဲ့ data ကို ပထမဆုံး decompress
အရင်လုပ်ပါတယ်. Original အတိုင်းရပြီဆိုမှ decryption ပြန်လုပ်ပါတယ်. ပြီးမှ မှန်ကန်တဲ့ format နဲ့ data ကို decode
ပြန်လုပ်ပါတယ်.. ကဲအဲ့တာကတော့ presentation layer ရဲ့ အလုပ်လုပ်ပုံဖြစ်ပါတယ်.
Application Layer ကတော့ ကျွန်တော်တို့ user တွေနဲ့ အနီးကပ်ဆုံး Layer ဖြစ်ပြီး User တွေနဲ့ အောက်က
Layer တွေကြားမှာ interface တစ်ခုအနေနဲ့လုပ်ဆောင်ပေးပါတယ်..သူကဘာတွေဘယ်တွေမှာလုပ်ဆာင် ပေးလဲ
ဆိုတော့အဓိကအားဖြင့် end-user process တွေနဲ့ software application တွေကြားမှာလုပ်ဆောင်ပေးပါတယ်.
ဒီနေရာမှာ တစ်ခုပြောပြချင်တာက application Layer ဆိုတာ ကျွန်တော်တို့တွေ သုံးနေတဲ့ software application
တွေကိုဆိုလိုတာမဟုတ်ပါဘူး.. ကျွန်တော်တို့တွေ networkတွေကိုဖြတ်ပြီး data တွေပို့မယ်ဆိုတော့ကျမှ application
layer protocol တွေကတစ်ဆင့်လုပ်ဆောင်ပေးတာပါ.. ပိုပြီးရှင်းသွားအောင် ဥပမာပြောရရင် ကျွန်တော့်တို့
မေးလ်တစ်စောင်ပို့မယ်ဆိုကျပါတော့ အဲ့တောဆို Gmail(E-mail) စတဲ့ software application တစ်ခုသုံးပြီးပို့လိုက်မယ်
ဆိုရင် application layer protocol ဖြစ်တယ်တဲ့ SMTP(simple mail transfer protocol) ကိုသုံးရပါတယ်.
ကျွန်တော်တို့ Web Page တွေ ကြည့်မယ် web site တွေသွားမယ်ဆိုရင်တော့ Application Layer Protocol
ဖြစ်တဲ့ HTTP(Hyper Text Transfer Protocol) နဲ့ သွားပါတယ်. အဲ့တာကတော့ Application Layer ရဲ့
အလုပ်လုပ်ပုံပါ
အိုကေ.. ခုလုပ်ရမှာ က Layer တစ်ခုချင်း အလုပ်လုပ် ပုံကို ပြန်နားလည် ပြန်နွေးကြည့်ကျရအောင်.. နားမလည် လဲ မေးပေါ့..  ;-)


Comments