****************************************** *****************************************
Terminal (comm) Server
Terminal server ဆိုတာသည် Out-Of-Band network မှာ device များကြီးကို single point( device/server
တစ်ခု) ကနေပြီး ချိတ်ချင်တဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။ Terminal server အနေနဲ့ က router ကိုအသုံးပြုပါတယ်။
Terminal Server (Router) ရဲ့ asynchronous ports နဲ့  router/switch တွေရဲ့ console port ကို Octal cable
ကိုသုံးပြီး ချိတ်ဆက်တာပါ။

အောက်မှာရှိတဲ့ LAB ကို လုပ်လိုက်ရင်တော့ မျက်လုံးထဲ ပိုမြင်သာပါလိမ့်မယ်။ Out-Of-Band network ဆိုတာကို
အလွယ်မှတ်ရရင် remote login (telnet SSH) လုပ်မရတဲ့ network တစ်နည်း.. IP နဲ့ မသွားဘဲ..console နဲ့ physical
connect လုပ်ပြီး ချိတ်ရတဲ့ network မျိုးကို Out-Of-Band Managemet လို့ ခေါ်တာပါ။
အလွယ်မှတ်ရရင် remote login (telnet SSH) လုပ်မရတဲ့ network တစ်နည်း.. IP နဲ့ မသွားဘဲ..console နဲ့ physical
connect လုပ်ပြီး ချိတ်ရတဲ့ network မျိုးကို Out-Of-Band Managemet လို့ ခေါ်တာပါ။
Terminal Server/Access Server LAB
Router 1841 series ကို ရွေးပေးပါ။ ပြီးတော့ HWIC-8A ဆိုတဲ့ module ထပ်စိုက်ပေးပါ။ အောက်ကပုံကိုကြည့်ပါ.
Access Server Lab
| ||
Access Server
|
BG_router
|
Router
|
en
|
BG_Router(config)#ip host R2 192.168.2.2
|
username cisco password cisco
|
conf t
|
BG_Router(config)#ip host R3 192.168.2.3
|
enable password cisco
|
host server
|
BG_Router(config)#ip host R4 192.168.2.4
|
line vty 0 4
|
int fa0/0
|
transport input telnet
| |
ip add 192.168.1.1 255.255.255.0
|
login local
| |
no sh
| ||
exit
| ||
username admin privi 15 password admin
| ||
enable password cisco
| ||
ip domain-name spacex.com
| ||
ip ssh version 2
| ||
cryp key gen rsa
| ||
1024
| ||
line 0/1/0 0/1/7
| ||
transport input all
| ||
login local
| ||
exit
|
Line 0/1/0 0/1/7 ဆိုတာ HIWE-8A တပ်လိုက်လို့ရတဲ့  asynchronous line ၈ခုကို ပြောတာပါ။
Computer ကနေ လှမ်းဝင်းမယ်ဆို ရင် ssh -l admin:19 192.168.1.1
Admin နောက်က 19 ဆိုတာ သူ့ line no ပါ။ HIWE-8A ကတ်မှာ port 8 ခုတပ်လို့ရပါတယ်။ ခုပုံမှာဆိုလဲ အဲ့ ၈ခု
သက်ဆိုင်တဲ့ line no တွေရှိပါတယ်။ ကိုယ်ချိတ်မယ့် device က ဘယ် port ချိတ်ထားလဲ ဆိုတာကို သိမှ line no နဲ
့ချိတ်လို့ရမှာပါ။
သက်ဆိုင်တဲ့ line no တွေရှိပါတယ်။ ကိုယ်ချိတ်မယ့် device က ဘယ် port ချိတ်ထားလဲ ဆိုတာကို သိမှ line no နဲ
့ချိတ်လို့ရမှာပါ။
Router ကနေ connection ကို disconnect လုပ်မယ် ဆို clear line tty 19 ပါ။
နောက် တစ်ခါ BG_Router(config)#ip host R2 192.168.2.2 အဲ့command ကဘာကို ပြောပေးချင်တာလဲ
ဆိုတော့ R2 ဆိုတဲ့ host အတွက် IP သည် 192.168.2.2 ဖြစ်ပါတယ်လို့ ပြောလိုက်တာပါ။
ဆိုတော့ R2 ဆိုတဲ့ host အတွက် IP သည် 192.168.2.2 ဖြစ်ပါတယ်လို့ ပြောလိုက်တာပါ။
Enable mode(privileged mode) ကနေ R2 လို့ရိုက်လိုက်ရင် 192.168.12.2 IP ရှိတဲ့ router ဆီ ကို
ရောက်သွားမှာပဲ ဖြစ်ပါတယ်။
ရောက်သွားမှာပဲ ဖြစ်ပါတယ်။
All about Servers
ကဲ packet tracer မှာ ရနိုင်တဲ့ server တွေကိုသုံးပြီး lap လေးတွေ ကလိကြည့်ကျရအောင်ဗျာ့..
ကျွန်တော်တို့ ဒီစာအုပ်မှာ focust ထားမှာကတော့ router/switch ဘက်ခြမ်းကိုနော်.. Server ဘက်ခြမ်းက
concept လောက်ပဲ သိထားပါ။ လက်တွေ့မှာက microsoft server ဖြစ်ဖြစ် linux server ဖြစ်ဖြစ် config လုပ်
ပြီးမှ သုံးလို့ ရမှာနော့် … ဆာဗာတွေ အားလုံးမှာ IP တွေသည် static ပေးတာ ပိုကောင်းပါတယ်။ Server
အကြောင်း overview လေးမြင်အောင်လို့ စမ်းကြည့်ကျရအောင်ဗျာ...

# DHCP server #
PC တွေ ကို Static IP မပေးတော့ပဲ DHCP ကနေ တစ်ဆင့် IP/Mask တွေရယ် Gate way / DNS တွေ ချပေးဖို့
config လုပ်ပါ။ start ip ကို 192.168.1.10 ကနေ စပေးတာက ရှေ့ က လွတ်နေတဲ့ ကောင်တွေကို static IP အနေနဲ့ 
server တွေ မှာ ပေးဖို့ အတွက်ပါ။
config လုပ်ပါ။ start ip ကို 192.168.1.10 ကနေ စပေးတာက ရှေ့ က လွတ်နေတဲ့ ကောင်တွေကို static IP အနေနဲ့ 
server တွေ မှာ ပေးဖို့ အတွက်ပါ။
#Web Server#
Web site တစ်ခု အတွက် ဆို index.html ကို သွားပြင်လို့ရပါတယ်။ web server သင်ဖူးတဲ့ သူတွေဆို သိတယ်..
Web Site တစ်ခု Web address တစ်ခု ကို ရောက်ရင် Index ကို auto load လုပ်သွားမှာပါ။ အဲ့မှာ html ပိုင်း ရရင်နဲ
နဲ လောက်ကလိ လို့လဲ ရတာပေါ့။
Web Site တစ်ခု Web address တစ်ခု ကို ရောက်ရင် Index ကို auto load လုပ်သွားမှာပါ။ အဲ့မှာ html ပိုင်း ရရင်နဲ
နဲ လောက်ကလိ လို့လဲ ရတာပေါ့။
Web server မှာ ရှိတဲ့  IP ကို မှတ်ထားပါ DNS server မှာ name to IP resolve ပြန်လုပ်ပေးရမှာမို့.. ခု server ကို
Google.com ဆိုပြီး ထားလိုက်ပါ။
Google.com ဆိုပြီး ထားလိုက်ပါ။
#Mail Server#
SMTP နဲ့  POP3 ကို on (enable) လုပ်ထားပါ။ SMTP သည် မေးလ် ပို့ ဖို့ အတွက်ဖြစ်ပြီး တော့ POP3 သည် server
ကနေ Mail လက်ခံတဲ့ နေရာမှာ သုံးပါတယ်။ Mail သုံးမယ် ဆို ရင် domain တော့ရှိရပါတယ်။ your.name@gmail.com
or your.name@your.company လို့ပေါ့ သက်ဆိုင်ရာ Domain နဲ့  user တွေ ရှိမှ Mail ပို့လို့ရမှာပါ။ ခု ဒီမှာဆို gmail.com
မှာ user aaa, bbb & ccc ဆိုပြီးသုံးယောက် create လုပ်ထားပါတယ်။ DNS server မှာ gmail.com အတွက် IP
resolver လုပ်ဖို့အတွက် server IP ကို မှတ်ထားပါ။

#FTP server #
FTP server ကတော့ File တွေကို upload/download လုပ်တဲ့ နေရာမှာသုံးတာပါ။ သူ့ မှာ user တွေအလိုက်
permission တွေခွဲ ခြားပြီး သက်မှတ်ပေးလို့ရပါတယ်။ IOS image/ config တွေ backup လုပ်တဲ့နေရာ version
Upgrade လုပ်တဲ့ နေရာတွေမှာ လဲ သုံးပါတယ်။
permission တွေခွဲ ခြားပြီး သက်မှတ်ပေးလို့ရပါတယ်။ IOS image/ config တွေ backup လုပ်တဲ့နေရာ version
Upgrade လုပ်တဲ့ နေရာတွေမှာ လဲ သုံးပါတယ်။
#DNS server #
DNS server ကတော့ ရှင်းပါတယ်။ Name ကနေ IP ကို resolve လုပ်ပေးတာပါ။ လူတွေ နားလည် မှတ်မိလွယ်တာက
name/ စာသားတွေဖြစ်တာမို့.. ကျွန်တော်တို့တွေ www.google.com တို့ ဘာတို့သွားရင် browser မှာသည်အတိုင်း
ရိုက်လိုက်တာပဲ လေ.. ဒါပေမယ့် .. နောက်ကွယ်မှာက www.google.com ကို သွားမယ်ဆို အရင် ဆုံး google ရဲ့  IP
ကို သိမှ သွားလို့ရမှာမို့  DNS က name to IP resolve လုပ်ပေးတဲ့အခါကျမှ သိသွားတာပါ။ IP သိပြီဆိုတော့မှ route
လုပ်ပြီး သွားလို့ရတာပါ ။ စက်တွေ နားလည်တာသည် zero one / IP / MAC တွေကိုပဲ နားလည်တာပါ။

#PC request DHCP #
# Test DNS server #
#Using Mail #
#check from Laptop 0 (user bbb) #
#FTP test #
Comments
Post a Comment