Cache Server (PS Core)

ကျနော် ခုစာမှာတော့ PS core အပိုင်းမှာပါဝင်တဲ့ Supporting node တခုဖြစ်တဲ့ Caching Server အကြောင်းပြောပြချင်ပါတယ်။ ဒီ Cache server ရဲ့ အလုပ်လုပ်ပုံကိုမပြောခင် ဒီ Server ကိုဘာ့ကြောင့် Service Provider တွေက သုံးရသလဲဆိုတဲ့ရည်ရွယ်ချက်ကို ပြောပြချင်ပါတယ်။ Cache ဆိုတာကတော့ လွယ်လွယ်ပြောရရင် Store လုပ်တာပါ Temporary Storage ပေါ့။ ဆက်ပြောမယ်ဆိုရင် Service Provider (သို့) Mobile Operator တွေက Internet ကိုရောက်ဖို့အတွက် သူတို့ရဲ့ Upstream Provider တွေဆီကနေ Bandwidth (1G/10G) စသဖြင့် ၀ယ်ယူရပါတယ်။ အဲ့ဒီနေရာမှာ Caching Server ကအရေးပါလာပါပီ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဆာဗာကို Service Provider Network ရဲ့ Gateway (GGSN > Caching Server) မှာထားချင်းအားဖြင့် Mobile User တွေအသုံးများတဲ့ content တွေ ဥပမာ Video တွေ Web Content တွေကို ယာယီ အချိန်အတိုင်းတာတခုထိ သိမ်းထားပါတယ် အဲ့လိုလုပ်ချင်းအားဖြင့် Internet traffic တွေဟာ Upstream provider ထိသွားစရာမလိုတော့ဘဲ Service Provider ရဲ့ Local network ကနေပဲ User တွေသုံးတဲ့ data တွေကို ပြန်ပေးပါတယ်။ အကျိုးကျေးဇူးကတော့ data traffic တွေက Internet ထိသွားစရာမလိုတဲ့အတွက်ကြောင့် User experience (or) Service quality လည်းပိုကောင်းလာပီး ပိုလည်းမြန်လာပါတယ် Network Latency ကိုလည်းလျှော့ချနိုင်သွားတဲ့အတွက်ကြောင့်ပါ။

 တချို့ Provider တွေမှာဆိုရင် Caching capacity က Multiple Terabyte လောက်ထိရှိတတ်ပါတယ်။ Operator တွေရဲ့ revenue လည်းပိုကောင်းလာပါတယ် ဘာဖြစ်လို့လည်းဆိုတော့ Cache လုပ်ထားတဲ့ Traffic တွေက Upstream Provider တွေဆီမရောက်တော့တဲ့အတွက်ကြောင့် သူတို့ရဲ့ Bandwidth ကို efficient ဖြစ်အောင်အသုံးချနိုင်ပါတယ်။ Network busy hour တွေမှာဆိုလည်း Bandwitdh congestion ကိုလျော့ချနိုင်တာပေါ့။ နောက်ဒီ Caching ပိုင်းနဲ့ဆက်စပ်နေတဲ့ CDN(Content Delivery Network) ဆိုတာလည်းရှိသေးတယ်ဗျ အဲ့အပိုင်းတော့ To Be Continue…ပေါ့။

Comments