"Connection-Oriented and Connectionless"

No automatic alt text available.
Zawgyi version

Connection-Oriented Service ကတစ်နည်းပြောရရင် Connction တစ်ခုသည် Data ပို့ လွှတ်တဲ့ နေရာမှာ reliable ဖြစ်အောင် ယုံကြည်စိတ်ချရအောင် ပို့လွှတ်သူနဲ့ လက်ခံသူကြားမှာ Virtual Circuit Connection တစ်ခုတည်ဆောက်ပေးတာပါပဲ.. ဘယ်လို့တည်ဆောက်ပေးလဲဆိုတော့ Transport Layer Protocol တစ်ခုဖြစ်တဲ့ TCP(Transmission Control Protocol) ကို ဥပမာအနေနဲ့ကြည့်ကျရအောင်ဗျာ.. TCP သည် Data မပို့လွှတ်ခင်မှာ အရင်ဆုံး Three Way handshake လုပ်ပြီး connection တစ်ခုကိုအစပြုပါတယ်. 3 Way HandShake ဆိုတာ ဘယ်လို့လဲဆို တော့ ပထမဆုံး ပို့လွှတ်မယ့်ကောင်(client)က လက်ခံမယ့်ကောင်(server)ဆီကို SYN(synchronization) packet တစ်ခုပို့လိုက်ပါတယ်. လက်ခံမယ့်ကောင်(server)ဘက်ခြမ်းကလဲ SYN-ACK packet တစ်ခုပြန်ပို့ပေးပါလိမ့်မယ်. သူ့ ဘက်ကလက်ခံရရှိပြီး ချိတ်ဆက်လို့ရပါတယ်ဆိုတာကို ပြောတာပါ. အဲ့နောက် Client ဘက်ကနေပြီး ACK တစ်ခု ပို့လိုက်ပြီးဆိုတော့ကျမှ အဲ့ဆင့်သုံးဆင့်ပြီးသွားတော့မှ connection တစ်ခုစတင်ချိတ်ဆက်ပေါ်ပေါက်လာတာပါ. TCP Connection တစ်ခုတည်ဆောက်ပြီးသွားမှာသာ data တွေကို စတင်ပို့လွှတ်ပါတယ်. Connection-oriented မှာ ပို့လွှတ်သမျှ Data packet တိုင်းအတွက် လက်ခံတဲ့ကောင်ကနေပြီး sender ကို ACK ပြန်ပို့ပေးရပါတယ်. အဲ့တာမှလဲ ပို့လိုက်သမျှ data တွေကို ကောင်းကောင်းမွန်မွန်နဲ့ လက်ခံရရှိတယ်ဆိုတာကို sender ကသိမှာဖြစ်ပါတယ်. အကယ်လို့ sender ဟာ Data packet တစ်ခုအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ACK မရခဲ့ဘူးဆိုရင် အဲ့ Data Packet သည် ပျက်စီးပျောက်ဆုံးပြီးလို့ယူဆပြီး နောက်တစ်ကြိမ်(Retransmit) ပြန်ပို့ပါတယ်. နောက်တစ်ခါ လက်ခံတဲ့ ကောင်ဘက်ကလဲ လက်ခံရရှိတဲ့ data ပြသနာ ရှိရင် နောက်တစ်ကြိမ်ပြန်ပို့ဖို့ request လုပ်နိုင်ပါတယ်. ပြောရရင်တော့ Connection-Oriented သည် Reliable ဖြစ်တယ် data Packet တွေအတွက် ACK ပြန်ရတဲ့ အချိန်တွေ Retransmit လုပ်ရတဲ့ အချိန်တွေ ရှိတဲ့ အတွက် အချိန်ကြာပါတယ်.
Unicode Version

Connection-Oriented Service ကတစ်နည်းပြောရရင် Connction တစ်ခုသည် Data ပို့ လွှတ်တဲ့ နေရာမှာ reliable ဖြစ်အောင် ယုံကြည်စိတ်ချရအောင် ပို့လွှတ်သူနဲ့ လက်ခံသူကြားမှာ Virtual Circuit Connection တစ်ခုတည်ဆောက်ပေးတာပါပဲ.. ဘယ်လို့တည်ဆောက်ပေးလဲဆိုတော့ Transport Layer Protocol တစ်ခုဖြစ်တဲ့ TCP(Transmission Control Protocol) ကို ဥပမာအနေနဲ့ကြည့်ကျရအောင်ဗျာ.. TCP သည် Data မပို့လွှတ်ခင်မှာ အရင်ဆုံး Three Way handshake လုပ်ပြီး connection တစ်ခုကိုအစပြုပါတယ်. 3 Way HandShake ဆိုတာ ဘယ်လို့လဲဆို တော့ ပထမဆုံး ပို့လွှတ်မယ့်ကောင်(client)က လက်ခံမယ့်ကောင်(server)ဆီကို SYN(synchronization) packet တစ်ခုပို့လိုက်ပါတယ်. လက်ခံမယ့်ကောင်(server)ဘက်ခြမ််းကလဲ SYN-ACK packet တစ်ခုပြန်ပို့ပေးပါလိမ့်မယ်. သူ ့ဘက်ကလက်ခံရရှိပြီး ချိတ်ဆက်လို့ရပါတယ်ဆိုတာကို ပြောတာပါ. အဲ့နောက် Client ဘက်ကနေပြီး ACK တစ်ခု ပို့လိုက်ပြီးဆိုတော့ကျမှ အဲ့ဆင့်သုံးဆင့်ပြီးသွားတော့မှ connection တစ်ခုစတင်ချိတ်ဆက်ပေါ်ပေါက်လာတာပါ. TCP Connection တစ်ခုတည်ဆောက်ပြီးသွားမှာသာ data တွေကို စတင်ပို့လွှတ်ပါတယ်. Connection-oriented မှာ ပို့လွှတ်သမျှ Data packet တိုင်းအတွက် လက်ခံတဲ့ကောင်ကနေပြီး sender ကို ACK ပြန်ပို့ပေးရပါတယ်. အဲ့တာမှလဲ ပို့လိုက်သမျှ data တွေကို ကောင်းကောင်းမွန်မွန်နဲ့ လက်ခံရရှိတယ်ဆိုတာကို sender ကသိမှာဖြစ်ပါတယ်. အကယ်လို့ sender ဟာ Data packet တစ်ခုအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ACK မရခဲ့ဘူးဆိုရင် အဲ့ Data Packet သည် ပျက်စီးပျောက်ဆုံးပြီးလို့ယူဆပြီး နောက်တစ်ကြိမ်(Retransmit) ပြန်ပို့ပါတယ်. နောက်တစ်ခါ လက်ခံတဲ့ ကောင်ဘက်ကလဲ လက်ခံရရှိတဲ့ data ပြသနာ ရှိရင် နောက်တစ်ကြိမ်ပြန်ပို့ဖို့ request လုပ်နိုင်ပါတယ်. ပြောရရင်တော့ Connection-Oriented သည် Reliable ဖြစ်တယ် data Packet တွေအတွက် ACK ပြန်ရတဲ့ အချိန်တွေ Retransmit လုပ်ရတဲ့ အချိန်တွေ ရှိတဲ့ အတွက် အချိိန်ကြာပါတယ်.
Connectionless Service မှာကတော့ Three Way handshake တို ့ Data Packet တွေအတွက် ACK ပြန်တာတို့ Error ရှိလို့ Retransmit လုပ်ရတာတွေဘာတွေမရှိပါဘူး. Error ရှိလို့ဖြစ်ဖြစ် connection ကြောင့် data ရောက်မလာတာ ပျောက်သွားတာပဲ ဖြစ်ဖြစ် ပြန်မပို့ပါဘူး. reliable တော့မဖြစ်ဘူးပေါ့. အဲ့တာတွေ မရှိတဲ့အတွက် ကောင်းတာတစ်ခုကတော့ Speed ပါပဲ. တစ်ဘက်နဲ့ တစ်ဘက် data ပို့တဲ့နေရာမှာတော့ Conneciton-Oriented ထက်ပိုမြန်ပါတယ်. ဘယ်မှာ အသုံးများလဲဆိုတော့ Live stream လွင့်တဲ့အခါမျိုးမှာ အသုံများပါတယ်. Live Stream မှာဆို အကြောင်းအမျိုးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ Data ကိုပြန်မပို့ပါဘူး အချိန်နဲ့ တစ်ပြေးညီပဲဆက်ပြနေတာပါ အဲ့သဘောပါပဲ ကျွန်တော်တို့တွေ သူငယ်ချင်းနဲ့ viber ကနေ video call ခေါ်ရင် ဖြစ်ဖူးကျမယ်ထင်ပါတယ် ပုံကြီးပြတ်ကျန်ခဲ့တာ ပြီးတော့ ထစ်လိုက်ဆက်သွားလိုက် ဖြစ်နေတာမျိုးလေ ဟိုဘက်မှာ ရှိတဲ့နေတဲ့ ပုံရိပ်ကို အချိန်နဲ့တစ်ပြေးညီ capture လုပ်ပြီးပို့တဲ့ အချိန်မှာ လိုင်းမကောင်းတာကြောင့် အကုန်မရောက်တဲ့အတွက်အဲ့လို ဖြစ်နေတာပါ ပြန်တော့ မပို့ပါဘူး အသုံးများတဲ့ Connectionless protocol ကတော့ UDP(User Datagram Protocol) ဖြစ်ပါတယ် Transport Layer protocol ပါပဲ.

No automatic alt text available.

Comments