Decimal and Binary for IP


Decimal and Binary for IP
IPv4 က 32bit ရှိပြီးတော့ dotted-decimal format နဲ့  ဖော်ပြလေ့ရှိပါတယ်.Eg,. x.x.x.x ပါ တစ်ခုဆီမှာ 8bit အညီအမျှရှိပါတယ်. 8bit.8bit.8bit.8bit ပါ
ဒီနေရာမှာပြောပြချင်တာက Binary သည် base 2 ဖြစ်ပြီးတော့ သူမှာ ပါဝင်တဲ့ ဂဏန်းကတော့ 0 နဲ့ 1 ပါ
Decimal သည် Base 10 ဖြစ်ပြီး သူမှာပါဝင်တဲ့ ကိန်းတွေကတော့ 0, 1, 2, 3, 4, 5, 6, 7, 8, 9 တို့ဖြစ်ပါတယ်.
192.168.1.1 သည် dotted-decimal format နဲ့ ရေးထားတဲ့ IP address တစ်ခုပါ လူတွေနားလည်တဲ့ ပုံစံပေါ့.. အဲ့လို IP address တွေကို router တွေ switch တွေ Network Card တွေက ဘယ်လို့ နားလည်လဲ ဆိုတော့ Binary နေနဲ့ 0, 1 On, Off အနေနဲ့ပဲ နားလည်ပါတယ်.. အဲ့တော့ 192.168.1.1 ကို Machine(router,switch) တွေနားလည်အောင် Binary ပြောင်းမယ်ဆိုရင် >>
First 8 bit ဖြစ်တဲ့ 192 ကို အရင် ကြည့်ကျရအောင်ဗျာ..
Decimal ကနေ Binary ပြောင်းမယ်ဆို အလွယ်နည်းလေးတစ်ခုပြောပြပါ့မယ်.
အရင် ဆုံး 2^7ကနေ 2^0 ထိ တန်ဖိုးတွေကို သိထားဖို့လိုပါတယ်.
2^7 2^6 2^5 2^4 2^3 2^2 2^1 2^0
128 64 32 16 8 4 2 1
192 ဖြစ်ဖို့ဆို 128 ရယ် 64 ရယ် ပေါင်းရင် 192 ပါတယ် အဲ့နှစ်ကောင် ရှိတဲ့ နေရာတွေကို 1 ကျန်တဲ့ နေရာတွေကို 0 ပေးလိုက်ရင် 1100 0000 ဆိုပြီး ကျွန်တော်တို့ လိုချင်တဲ့ 192 အတွက်လို့်ချင်တဲ့ Binary 8bit ကိုရပါတယ်..
ကဲ နောက်ထပ် 168 အတွက် ကျွန်တော်တို့တွေ ကြည့်ကျရအောင်ဗျာ..
168 ကိုရဖို့ဆို ကျွန်တော်တို့ 128ရယ် 32ရယ် 8ရယ်ပေါင်းပေးရင် 168ရတယ်ဗျာ့ 128+0+32+0+8+0+0+0= 168 ကျွန်တော်တို့ ပေါင်းရမယ့်ကောင်တွေ နေရာကို 1 ထည့်မပေါင်းတဲ့ ကောင်တွေ နေရာကို 0 ပေးလိုက်ရင် 1010 1000 ဆိုပြီး ကျွန်တော်တို့ လိုချင်တဲ့ 168 အတွက် Binary bit ရရော ကဲအဲ့ဆို decimal 1 အတွက်ဆိုရင် 0+0+0+0+0+0+0+1=1 ဆိုတော့ နောက်ဆုံးကောင်ပဲ 1 ကျန်တာ 0 ပေးလိုက်ရင် 0000 0001 ဆိုပြီးရမယ်ဗျ.. 192.168.1.1 ကို Binary ပြောင်းလိုက်ရင်
1100 0000.1010 1000.0000 0001.0000 001 ဆိုပြီးရပါတယ်.
ကျွန်တော်တို့တွေ Decimal to Binary ပြောင်းတဲ့အကြောင်းပြီးတော့ Binary to Decimal ဘယ်လို့ ပြန်ပြောင်းလဲ တစ်ချက်ကြည့်ကျရအောင်..
ဘယ်လို့ပြောင်းလဲ သွားတာလဲ ဆိုတော့ ကျွန်တော်တို့တွေ တစ်ဆင့်ချင်းကြည့်ကျရအောင်ဗျာ.. first 8 bits ကို အရင်စ ကြည့်ကျရအောင် 1100 0000 ဆိုတော့ ဘယ်လိုပြောင်းလဲ ဆိုရင် LSB( Least significant bit) ဘယ်ဘက်အစွန်ဆုံး ကောင်ကို 2^0 နဲ့မြောက်ရပါတယ် နောက်သူ့ရှေ့ကတစ်ကောင်ကို power ကို 1 ပေါင်း ပေါင်းပြီး 2^1မြှောက်ပေးရပါမယ် ပြီး၇င် နောက်တစ်ကောင်ကို 1 ထပ်ပေါင်းပြီး 2^2 နဲမြောက်ပေးရပါမယ် အဲလိုနဲ့ ပြီးရင် အကုန်ကို ပေါင်းပေးလိုက်ရင် decimal ကိန်း ထွက်လာပါလိမ့်မယ်..
1(2^7 )+ 1(2^6)+ 0(2^5)+ 0(2^4)+ 0(2^3)+ 0(2^2)+ 0(2^1)+ 0(2^0)= 192 and let see the second one
1(2^7 )+ 0(2^6)+ 1(2^5)+ 0(2^4)+ 1(2^3)+ 0(2^2)+ 0(2^1)+ 0(2^0)= 168 and
0(2^7 )+ 0(2^6)+ 0(2^5)+ 0(2^4)+ 0(2^3)+ 0(2^2)+ 0(2^1)+ 1(2^0)= 1 and
0(2^7 )+ 0(2^6)+ 0(2^5)+ 0(2^4)+ 0(2^3)+ 0(2^2)+ 0(2^1)+ 1(2^0)= 1 >> now we get the 192.168.1.1 right!! ;-)
ပိုပြီး ရှင်းသွား အောက်မှာ ပုံလေးတွေနဲ့လဲ ရှင်းပြထားပါတယ်ဗျာ့..
No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.

Comments