IP/subnet-Part(1)

ZawGyi-version

IP address တစ်ခုကို ဖော်ပြရင် သူချည်းပဲ ဖော်ပြတာထက် address ရဲ့  ဘယ်အပိုင်းက Network Part ဘယ်ကအပိုင်းကတော့ဖြင့် Host Part ဆိုတာသိစေဖို့ subnet mask ကိုပါတွဲရေးပြီး ဖော်ပြလေ့ရှိပါတယ်.
ဥပမာပြောရရင်.
IP address >> 192.168.0.1
192.168.1.1/24
192.168.1.2/24
192.168.1.3/24
~[F]or-get

Uni-version

IP (Internet Protocol) address တစ်ခုသည် Layer 3 မှာ အလုပ်လုပ်ပါတယ်.. IP address တစ်ခုကို dotted-decimal format(X.X.X.X) နဲ ့ဖော်ပြလေ့ရှိပါတယ် X တစ်ခုဆီမှာ 8bits(1byte/1octet) ဆီရှိပြီး IPv4 address တစ်ခုသည် 32 bits ရှိပါတယ်. IP တစ်ခုမှာ Network Part နဲ့ Host Part ဆိုပြီးပါ၀င်ပါတယ်. ဘယ်လို့မျိုးလဲဆိုတော့ ဥပမာပြောရရင် ကြိုးဖုန်းတွေ အလုပ်လုပ်ပုံနဲ ့ ယှဉ်ကြည့်ရအောင်ဗျာ.. 02-35993/ 01-522031 ပဲဆိုကျပါစို ့ အဲ့ဖုန်းနှစ်လုံးမှာဆို 02 ဆို မန်းတလေး 01 ဆို ရန်ကုန်လို့ခွဲခြားသတ်မှတ်ထားပြီး 35993 သည် မန်းတလေး area အတွင်းမှာ ရှိတဲ့ ဖုန်းနံပါတ်တစ်ခုဖြစ်ပြီး 522031 သည် ရန်ကုန်မှာ ရှိတဲ့ ဖုန်းနံပါတ်တစ်ခုဖြစ်ပါတယ်. 02တို့ 01 တို့သည် Network Part နဲ ့ဆင်ပြီး 35993တို ့522031တို့သည် Host Part နဲ့ဆင်ပါတယ်.
IP address တစ်ခုကို ဖော်ပြရင် သူချညး်ပဲ ဖော်ပြတာထက် address ရဲ ့ ဘယ်အပိုင််းက Network Part ဘယ်ကအပိုင်းကတော့ဖြင့် Host Part ဆိုတာသိစေဖို့ subnet mask ကိုပါတွဲရေးပြီး ဖော်ပြလေ့ရှိပါတယ်.
ဥပမာပြောရရင်.
IP address >> 192.168.0.1
Subnet mask>>255.255.255.0 နောက်ထပ်ပုံစံတစ်မျိုးနဲ့ ဖော်ပြရရင် 192.168.0.1/24 အဲ့မှာဆိုရင် 192.168.0 သည် Network Part/Network Address တစ်ခုဖြစ်ပြီး .1 သည် Host Part/Host Address တစ်ခု ဖြစ်ပါတယ်.. Subnet တစ်ခုဆီတိုင်းမှာ Network Address တစ်ခုပဲ ရှိပါတယ်. ပြီးတော့ subnet တစ်ခုတိုင်းမှာ ရှိတဲ့ Host တွေရဲ့ IP address(host part) တွေ သည် မတူညီရ မထပ်ရပါဘူး ထပ်ခဲ့ရင် IP conflict ဖြစ်ပြီး communicat လုပ်လို့ရမှာ မဟုတ်ပါဘူး.. Network Part တော့တူညီရပါ့မယ် Network Part မတူညီခဲ့ရင် different subnet တစ်ခုလို့ ယူဆပါတယ်. ကျွန်တော်တို့တွေ နောက်ထပ် ဥပမာတစ်ခု လောက်ထပ်ကြည့်ကျရအောင်ဗျာ..
192.168.1.1/24
192.168.1.2/24
192.168.1.3/24
ကဲ အပေါ်က IP address တွေမှာဆို Network Part/Network Address သည် 192.168.1 ဖြစ်ပြီး Host Part သည် .1, .2, .3 တို့ဖြစ်တယ်. သူတိုအချင်းချင်း communicate လုပ်လို့ရပါတယ် Network Part တူလို့ Same Subnet ဖြစ်လို့ပါ. အဲ့ထဲက IP address တစ်ခုနဲ့ 192.168.2.1 /24 ဆိုတဲ့ IP address ကကော communicate လုပ်လို့ရနိုင်ပါ့မလား..
အဲ့တာဆိုရင်တော့ ရမှာမဟုတ်ပါဘူး သူတို့တွေရဲ့ Network Part သည် 192.168.1 နဲ့ 192.168.2 ဖြစ်တဲ့အတွက် မတူညီတဲ့အတွက် different subnet ဖြစ်လို့ communicate လုပ်လို့မရနိုင်တာပါ different subnet တွေ Network တွေကို communicate လုပ်ချင်တယ်တယ်ဆိုရင်တော့ Layer 3 routing လုပ်ပေးနိုင်တဲ့ router လို device မျိုးတွေ Different Subnet ကြားရှိနေမှ communicate လုပ်လို့ရနိုင်ပါမယ်..
~[F]or-get
PS: Binary to Decimal / Decimal to Binary ပြောင်းတဲ့အကြောင်းကို ရှေ့မှာ ရှင်းပြခဲ့ဖူးပါတယ် :-)
တစ်ခြားကျန်နေတဲ့ Broadcast IP, Network IP, Class A B C, Classless, CIDR, IP subnet Zero အကြောင်းတွေကို အချိန်အားရင် အားသလို့ ဖော်ပြပေးပါ့မယ်ဗျာ ... ;-)Have a nice Day!!

No automatic alt text available. 
Image may contain: textImage may contain: text

Comments