Mobile Core Network & PS(Packet Switching)


ကျနော် ဆက်သွယ်ရေးနည်းပညာ များထဲမှ တခုအပါအ၀င်ဖြစ်တဲ့ Mobile Core Network အကြောင်းကို သိသလောက်မျှဝေချင်ပါတယ်း ပုံမှန်အားဖြင့် Core network ဆိုရင်ပြေးမြင်ကြတာက Router တွေ Switch တွေ Firewall တွေစသဖြင့်ပေါ့ အမြင်မှားတတ်ကြပါတယ် တစိတ်တဒေသအားဖြင့်တော့မှန်ပါတယ် ဒီ device တွေလည်း Mobile Core Network မှာမပါမဖြစ် ပါရပါတယ်။ ကျနော်လည်း လုပ်ငန်းခွင်ထဲမှာ မြင်နေရတယ် Core network ဆိုတော့ Router တွေ Switch တွေ လုပ်ရမယ်အထင်နဲ့ အထင်မှားပီးရောက်လာတဲ့လူတွေအများကြီးပါ ၀င်လာပီးမှတိုင်ပတ်ကုန်ကျတာပေါ့ ဒါဟာလည်းကျနော်တို့နိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာပိုင်းတွေ ဖွံ့ဖြိုးမှုနည်းပါးတဲ့အတွက်ကြောင့် လူတွေရဲ့ awareness နည်းပါးခြင်းဖြစ်တယ်လို့မြင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီပြသနာတွေကိုကိုယ်တိုင်ရင်ဆိုင်ခဲ့ရတယ် ဒီ Telecom ဆိုတာကြီးကိုစပီး ခြေချခဲ့တုန်းက ဆိုရင် ဒါတွေကိုသိဖို့ဝေလာဝေးပါ။ ဒီဖက်ခေတ်မှာတော့ Telenor တို့ Ooredoo တို့အပြိုင်အဆိုင်ဝင်လာတဲ့အတွက်ကြောင့် ဆက်သွယ်ရေးပိုင်းကို စိတ်ဝင်စားကြတဲ့ Junior ညီတွေညီမတွေကတော့ ကျနော်တို့တုန်းကထက်စာရင် Telecom technologies တွေကို ကျနော်တို့တုန်းကထက်စာရင် ပိုပြီးတော့ တီးမိခေါက်မိရှိမယ်လို့ထင်ပါတယ်။ Telecom Equipment Vendor တွေဖြစ်တဲ့ Huawei, Ericsson, ZTE, Nokia စသဖြင့် company ကြီးများမှာလည်း အလုပ်လိုအပ်ချက်တွေများလာပီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အရင်ထက်စာ ရင်တော်တော်ကြီးကိုကောင်းလာပါပီ။ တခုတော့ရှိတယ်ဗျ ကျနော်တို့ PS Core က တခြားအပိုင်းတွေထက်စာရင်တော့ အလုပ်အကိုင်နည်းတယ်ဗျ Scope ကကျဉ်းတယ်လို့ပဲပြောရမလား Team တခုမှာဆိုရင် အများဆုံး ၅ယောက်ပဲ အဲ့ထက်ပိုပီး မလိုဘူး။ တခြားအပိုင်းတွေလောက်လည်း demand မများဘူး mobile operator တွေ vendor တွေမှာပဲ အခွင့်အလမ်းရှိတယ်။ 
ဒါနဲ့အပေါ်ကပြောခဲ့တာကိုဆက်ရရင် အဲ့ဒီ Router, Switch, Firewall, etc တွေကိုင်ရတဲ့အပိုင်းကို IP Core လို့ခေါ်နိုင်ပါတယ်။ တကယ်တမ်းတော့ Mobile Core Network မှာ IP core အပြင် အခြား Major domain နှစ်ခု ထပ်ရှိပါသေးတယ် အဲ့ဒါတွေကတော့ CS Core(Circuit Switch), PS Core(Packet Switch) တို့ဆိုတာရှိသေးတယ်ဗျ CS Core ကတော့ Voice ပိုင်းကိုတာဝန်ယူပီး PS Core ကတော့ Data(Internet) ပိုင်းပါ ကျနော်တို့နေ့စဉ် Mobile phone ကနေ အင်တာနက်သုံးနေတဲ့ Data packet တွေက operatorတွေရဲ့ PS Core network ကနေတဆင့် Internet ဆိုတာကြီးကို ရောက်ပါတယ် အဲတော့မှ ကျနော်တို့ End user တွေအနေနဲ့ အင်တာနက်သုံးနိုင်ကျတာပေါ့။ ဒီမှာတော့ ကျနော် PS core (သို့) Packet Core အခြေခံအကြောင်းအရာကို ပဲပြောမှာပါ။
ဒီ data service ပိုင်းမှာဆိုရင် EDGE(2.5G) > HSPA(3G) > LTE(4G) ဆိုပီးတော့ အကြမ်းဖျင်းအားဖြင့် အဆင့်သုံးဆင့် ရှိပါတယ်။ ခုလောလောဆယ် မှာတော့ Ooredoo က 3G နဲ့ 4G service ပေးနေပီး Telenor နဲ့ MPT တို့ကတော့ 2G/3G ပဲရှိပါသေးတယ် 4G ကတော့ စမ်းသပ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါကတော့ လက်ရှိ market မှာ operator တွေ service ပေးတဲ့အပိုင်းပါ။ ဒါကိုလည်း သိပီးသားဖြစ်ကြမှာပါ Generation တွေအကြောင်းပြောရင်းနဲ့စပ်မိလို့ရေးလိုက်တာပါ။

 
Mobile Telecom Core Network မှာ PS( packet switching ) နဲ့ CS (circuit switching) ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်..အလွယ်ပြောရရင် Packet switching ကဘာအတွက်လဲ ဆိုတော့ Internetသုံးဖို့.. data သုံးဖို့ အတွက်ပါ.. Circuit switching ကတော့ ဖုန်းခေါ်တာတွေ SMS ပို့တာတွေ စတာတွေ အတွက်ဖြစ်ပါတယ်..
Network မှာဘာတွေ ပါလဲဆိုတာရယ် အတိုကောက် အခေါ်လေးတွေရယ်ကို.. တစ်ချက်ကြည့် ကြည့်ကျရအောင်ဗျာ..
GPRS : General Packet Radio Service 
BSS : Base Station Subsystem
UTRAN : UMTS Terrestrial Radio Access Network
SGSN : Service GPRS Support Node
GGSN : Gateway GPRS Support Node
CG : Charging Gateway
BG : Border Gateway
PDN : Packet Data Network
MSC/VLR : Mobile Switch Center/Visitor Location Register
SMSC : Short Message Service Center
SCP : Service Control Point
GMLC : Gateway Mobile Location Center
HLR : Home Location Register
EIR : Equipment Identity Register

 
PS(Packet Switching) ပိုင်းကို ပြောပါ့မယ်
Element တစ်ခုချင်းဆီကို overview ကြည့်ကျရအောင်ဗျာ.. 
SGSN မှာ ဘာ Function တွေပါလဲ ဆိုတော့ 
1.Mobility Management 
2.Session Management
3.Routing and Transfer Packets
4.Charging
Mobility Management ဆိုတာဘာလဲ ဆိုတော့.. ကျွန်တော်တို့ mobile ph ရဲ့ လက်ရှိရောက်နေတဲ့နေရာကို Trace လုပ်ပေး updateလုပ်ပေးနေတာပါ mobile phone ဟာ ကျွန်တော်တို့ PLMN ထဲမှာလား.. တစ်ခြား PLMN မှာလား ဆိုတာကိုပါ..
Session Management ကကျတော့ ဖုန်းရဲ့ PDP(Packet Data Protocol) context တွေကို Manage လုပ်ပေးပါတယ်.. အကျယ်ကို နောင်က ဆက်ရှင်းပြပါ့မယ်.
Routing and Transfer Packets ဆိုတာကျတော့ SGSN က ပုံမှာ မြင်တဲ့ အတိုင်း ဖုန်းနဲ့ GGSN ကြားမှာ ရှိနေတာဖြစ်ပြီး.. သူက service data တွေကို Forwarding နဲ့ routing လုပ်ပေးပါတယ်. ဘယ်serivce data ဆိုဘယ်လမ်းကြောင်းကသွားမယ်..ဘယ်ကိုသွားရမယ်ဆိုတာမျိုးပါ.
Charging ကကျတော့ ကျွန်တော်တို့ ဖုန်းကနေ Data သုံးလိုက်လို့ ကုန်သွားတဲ့ balance ကို charge လုပ်ပေးပါတယ်. သိမ်းထားပါတယ်. CDR(Charging Data Record) တွေကို ပို့ပေးပါတယ်.
ပြီးတော့ SGSN မှာ Encryption and authentication တို့ Logical Link Management တို့ Generation and output of call detail records စတဲ့ Function တွေလဲ ရှိပါသေးတယ်..


နောက်တစ်ခုကတော့ GGSN ပါ. သူကတော့ ကျွန်တော်တို့ Core Network နဲ့ PDN>Packet Data Netwrok (Internet) ကို Gateway အနေနဲ့ ချိတ်ပေးထားတာလို့ အလွယ်မြင်ကြည့်လိုရတယ်.
သူ့ မှာ ဘာ Function တွေပါလဲဆိုတော့…
1. Session Management 
2. Routing and Transfer 
3. Charging 
Session Management
Mobile Phone တစ်လုံးရဲ့ PDP context session တွေကို Management လုပ်ပေးပါတယ်. ပြီးတော့ ပုံမှန်အားဖြင့်.Dynamic IP တစ်ခု ဖုန်းတစ်လုံးကိုပေးပါတယ်. ဒီနေရာမှာ PDP context ဆိုတာကြီးကို အရမ်း မျက်လုံးထဲ မြင်ဦးမှာ မဟုတ်သေးပါဘူး.. နောက်ပိုင်းကျ တစ်ဖြည်းဖြည်းနဲ့ မြင်လာပါလိမ့်မယ်.
Routing and Transfer ဆိုတာကျတော့ service Data တွေကို ဖုန်းနဲ့ Internet ကြားမှာ forward လုပ်ပေးတယ် Transfer လုပ်ပေးတယ်.သူက Gateway တစ်ခုအနေနဲ့ ဆောင်ရွက်ပေးတာမျိုးပါ.
နောက်တစ်မျိုးက Charging
သူ့ မှာ လဲ SGSN လိုပဲ Charging Function ပါ ပါတယ်. ကျွန်တော်တို့ ဖုန်းကနေ Data သုံးလိုက်လို့ ကုန်သွားတဲ့ balance ကို charge လုပ်ပေးပါတယ်. သိမ်းထားပါတယ်. CDR(Charging Data Record) တွေကို ပို့ပေးပါတယ်.


Comments