Telecom Network Overview

ကျနော် ဒီ Mobile Network ရဲ့ overview လေးအနည်းငယ်စပြောချင်ပါတယ်။ ဒါကလည်း စစချင်းလေ့လာမယ့်သူများအတွက် မသိမဖြစ်လိုအပ်မယ်ထင်လို့ပါ။
အကြမ်းအားဖြင့် အောက်ပါအပိုင်းတွေခွဲထားပါတယ်။
RAN (Radio Access Network)
IP RAN (or) Transmission (Microwave/ DWDM)
Core Network (CS/PS/IP core)
OSS (Operation Support System/NMS)
Billing System စသဖြင့်ပေါ့
အခုကတော့ PS Core nodes တွေအကြောင်းပဲပြောပါ့မယ်။ Packet Core domain မှာပါဝင်တဲ့အဓိက nodes တွေကတော့ 2G/3G မှာ
SGSN (Serving GPRS Support Node)
GGSN (Gateway GPRS Support Node)
CG (Charging Gateway)
DNS (Domain Name System)
PCRF (Policy Charging Rule Function) တို့ဖြစ်ပါတယ်။
4G မှာဆို ရင်တော့
SGSN ကနေ MME(Mobility Management Entity) ဖြစ်ပီး GGSN ကနေ SGW/PGW(Serving/ PDN Gateway) အနေနဲ့ဖြစ်သွားပါတယ် ကျန်တာတွေကတော့တူတူပါပဲ။
အဲဒါလည်းကုန်ပီလို့တော့ ပြောလို့မရသေးဘူးဗျ Supporting node အနည်းငယ်တော့ကျန်သေးတယ် ဥပမာ
HSS(Home Subscriber Subsystem) တို့ Caching Server တို့လိုမျိုးတွေပေါ့ ဘာလို့လိုအပ်တယ်ဆိုတာကိုတော့ ကျနော်နောက်ထပ်ထပ်ရှင်းပြသွားပါ့မယ်။
ခုကျနော် PS Core nodes တွေရဲ့အလုပ်လုပ်ပုံအကြောင်းကိုအနည်းငယ် ဆွေးနွေးချင်ပါတယ်။
ပထမဆုံး SGSN ပေါ့ သူကတော့ အင်တာနက်ဖွင့်လိုက်တာနဲ့ ဒီဆင်းမကဒ်လို့ပဲပြောရမှာပေါ့ အဲ့ဒီကဒ်က ဒီ network ကဟုတ်လားမဟုတ်ဘူးလား ဆိုတာကိုစစ်ဆေးပါတယ် (authentication) ပေါ့ အကယ်လို့ဟုတ်ပီပေါ့ authentication success ဖြစ်သွားရင် ဒီကဒ်ကို သူ့ဆီမှာ attach လုပ်ခွင့်ပေးလိုက်ပါပီ ပြီးရင်တော့ ဒီကဒ်က network ရဲ့ ဘယ်နေရာမှာရှိသလဲမှတ်တမ်းတင်ပါတယ် သူ့ဆီမှာသိမ်းထားတယ်ပေါ့ဗျာ location ကို ရွေ့ရင်ရွေ့သလိုလိုက်ပီး တော့ update လုပ်တယ်ပေါ့ဗျာ အဲ့ဒါကို mobility management လို့ခေါ်ပါတယ် နောက်တခုကတော့ call detail record(CDR) ဘာကိုဆိုလိုတာလဲဆိုတော့ ကျနော်တို့သုံးသမျှ ဘယ်အချိန်ကနေဘယ်အချိန်ထိ သုံးသလဲဆိုတာမှတ်ထားတဲ့ မှတ်တမ်းပေါ့ဗျာ ပိုက်ဆံဖြတ်ဖို့အတွက်ပါ အဲ့ဒါအတွက်လည်းအလုပ်လုပ်ပေးပါတယ်။
GGSN ကတော့သူ့အလုပ်က SGSN တုန်းကလိုပဲ prepaid/ postpaid service တွေအတွက် CDR ထုတ်ပေးတယ် နောက်ပီး သူက အင်တာနက်သုံးတဲ့သူတွေအတွက်(ဆင်းမကဒ်) ကို Dynamic IP ချပေးပါတယ် အဲ့တော့မှပဲ ဖုန်းမှာ H+ တို့ E တို့ပေါ်တယ်မှတ်လား အဲ့ဒါဆိုရင်တော့ User နဲ့ PDN(Internet) ကြားမှာ Session တခု established ဖြစ်သွားပါပီ အဲ့ဒါကို Session Management လို့ခေါ်ပါတယ်။ Gateway ဖြစ်တဲ့အတွက်ကြောင့် uplink/ downlink packet တွေကို routing နဲ့ forwarding လုပ်ပေးပါတယ်။
CG ဆိုတာကတော့ postpaid service အတွက်ပါ GGSN/SGSN ကလာတဲ့ CDR တွေကို process လုပ်ပီး billing system ကိုပို့ပေးပါတယ်။
DNS အဲ့မှာပြသနာတခုရှိတယ် တချို့ Network ပိုင်းကလူတွေက ရောတတ်ကျတယ် IP DNS နဲ့ ကျနော်တို့ PS DNS ကသဘောတရားတော့တူတယ် ဒါပေမယ့် IP DNS လို IP ကနေ domain name ကို resolve လုပ်ပေးတာတော့မဟုတ်ဘူး သူက user ရဲ့ location(LAC/RAC) နောက်ပီး APN ကျနော်တို့ Mobile phone ထဲမှာ setting ထည့်ရတဲ့ဟာ အဲ့ဒါတွေပေါ်မူတည်ပီးတော့ user ကို GGSN ရဲ့ IP ကိုညွှန်းပေးတယ် ဘာဖြစ်လို့လည်း ဆိုတော့ GGSN မှာကျနော်ပြောခဲ့တဲ့အတိုင်းပဲ user internet သုံးဖို့အတွက် အနည်းဆုံး private IP လိုတယ်လေ အဲ့ဒါကို GGSN က assign လုပ်ပေးတာလေ ဒါပေမယ့် အဲ့ဒီ GGSN ကို user ကဘယ်လိုသိမလဲ ? DNS ကြောင့်သိတာပေါ့ DNS မှာ LAC/RAC, APN တို့နဲ့ GGSN IP ကို mapping တွဲပေးထားပါတယ်။
PCRF ဆိုတာကတော့ထူးထူးခြားခြားမဟုတ်ပါဘူး data plan တွေ အတွက် policy configuration လုပ်တာပါ။ User တယောက်ချင်းစီကို Quota assign လုပ်ပေးပါတယ် ကိုယ်ယူထားတဲ့ plan ပေါ်မူတည်ပီး။
MME ရယ် SGW/PGW ရယ်ကတော့ SGSN/ GGSN တို့နဲ့အလုပ်လုပ်ပုံကအလားတူပါပဲ။

Comments