Changing File/folder executable file colors in Linux/Unix ls command
Image may contain: text
ZawGyi version
“ ls “
No automatic alt text available.
No automatic alt text available.
No automatic alt text available.
Image may contain: night
No automatic alt text available.
Image may contain: night
Image may contain: night
~[F]or-get
UniCode Version
ကျွန်တော်တို့တွေ Linux/Unix OS တွေမှာ ls command နဲ ့ကြည့်လိုက်ရင် Directory(folder) တွေ file တွေ executable ဖိုင်တွေကို ကိုယ့်စိတ်ကြိုက် အရောင်တွေ သတ်မှတ်ပြီး ကြည့်ရင် စိတ်ထဲမှာ ပိုပြီး ရှင်းသွားမှာပါ။ ;-) ဒီတေ့ာ ကိုယ့်စိတ်ကြိုက် အရောင်လေးတွေ ချိန်းကြည့်ကျရအောင်ဗျာ။
“ ls “
ls ဆိုတာက directory(folder) တွေ file တွေကို list ထုတ်ပေးတာပါ။ Terminal မှာ ls လို့ရိုက်လိုက်မယ်ဆိုရင် ခုလက်ရှိ ရှိနေတဲ့ directory အောက်မှာရှိတဲ့ Directoryတွေ Fileတွေ ကို ပြပေးမှာဖြစ်ပါတယ်။ ခု အထက်ကပုံမှာဆို ls ပဲရိုက်မယ်ဆို ကိုယ်လက်ရှိရောက်နေတဲ့ နေရာက ပုံမှန်Directory/File တွေကိုပဲ ပြပေးမှာပါ။ Directory(Folder) ကို အပြာရောင်နဲ့ မြင်ရပြီး file တွေကိုတော့ အဖြူရောင်နဲ့ တွေ ့ရနိုင်ပါတယ်။ အစိမ်းရောင်နဲ့ ပြထားတယ်ဆိုရင်တော့ executable fileပါ။ ပြီးတော့ တစ်ခြားအရောင်တွေလဲ ရှိပါတယ်သေးတယ်။ ပုံ(၁)
သုံးရင်နဲ့ သိလာပါလိမ့်မယ်ဗျာ။ အဲ့လိုမှ မဟုတ်ပဲ defalut color တွေကိုမကြိုက်ရင် ကိုယ့်စိတ်ကြိုက်ပြင်ချင်တယ်ဆိုလဲပြင်လို့ရပါတယ်။ ဥပမာအနေနဲ ့ပုံမှာဆို Director(folder) တွေက အပြာရောင်ပါ အဲ့တာကို အရောင်ပြောင်းချင်တယ် ဆိုုရင် >>LS_COLORS=”di=1;31” ဆိုပြီး လုပ်လိုက်မယ်ဆိုရင်ပဲ Directory လေးတွေ အရောင်ပြောင်းသွားပါလိမ့်မယ်။ di ဆိုတာက Directory ပါ ပြီးတော့ 1 က Bold ကို ပြောတာပါ နောက်က 31 ကတော့ color code ပါ။ ပုံ(၂)
နောက်ထပ် ဘာတွေပြောင်းလို့ရသေးလဲဆိုတော့ directory ကို ပြောင်းမှာလား File ကိုပြောင်းချင်တာလား Foreground color လား background colorလား.. ဒါမှမဟုတ် စာလုံးတွေကို Boldလား မျဉ်းတာမှာလား စသည်ဖြင့် ပြောင်းလို့ရပါသေးတယ်။ အပေါ်ကပုံလေးကို တစ်ချက်ကြည့်ပေးပါ။ နမူနာ တစ်ခု ရေးပြပါ့မယ်။ >>LS_COLORS=”di=1;4;33;44” လို ့ရေးလိုက်မယ်ဆို di ဆိုတာက directory ပါ။ ဆိုလိုတာက directory တွေကို ပြောင်းမယ်ပေါ့။ 1က bold ပါ 4ကကျတော့ under lineပါ။ 33က Foreground color ဖြစ်တဲ့ yellow ပါ 44ကကျတော့ background color ဖြစ်တဲ့ blue ပါ။ သူတို့တွေ တစ်ခုနဲ့ တစ်ခု ကြားထဲမှာ ;(semicolon)ခံပါတယ်။ အဲ့တော့ ls နဲ့ ကြည့်လိုက်ရင် ထွက်လာတဲ့ result သည် directory တွေကို အပြာနောက်ခံနဲ့ အဝါစာလုံးကိုမှ မျဉ်တားထားပြီး စာလုံးအကြိီး(Bold)နဲ့ ဖော်ပြထားပါတယ်။ ပုံ(၃)
နောက်ထပ် Example တစ်ခု ထပ်ကြည့်လိုက်ရင်တော့ ပိုပြီးရှင်းသွားပါလိမ့်မယ်။ 
>> LS_COLORS=”di=1;35:fi=36:ex=4;31:*.sh=1;32;41” မှာကျ directoryတွေကို Purple color နဲ့ bold လုပ်ပါမယ်ဆိုပြီး di=1;35 လို့ရေးထားပါတယ်။ ပြီးတော့ :(full column)ခံပြီး fi=36ဆိုပြီး fileတွေဆို Cyan color ချိန်းပါမယ်ဆိုပြီး ရေးထားတာပါ။ executable ဖိုင်တွေကိုတော့ အနီရောင်စာနဲ့ မျဉ်းတားပြီး ဖော်ပြချင်တဲ့အတွက် ex=4;31 လို့ ရေးလိုက်ပါတယ်။ .sh နဲ့ ဆုံးတဲ့ fileတွေ ကိုတော့ အနီရောင်နောက်ခံ အဝါရောင် စာသားကိုမှ bold လုပ်ပြီး ပြဖို့အတွက် *.sh=1;32;41 ဆိုပြီး ရေးလိုက်ပါတယ်ဗျာ။ ပုံ(၄)
ဒီနေရာမှာ တစ်ခုမှတ်ထားရမှာက di တို့ fi တို့ တစ်ခုနဲ့ တစ်ခု ကြားထဲမှာ :(full-column)ခံပြီးတော့ color တွေ boldတွေ ကြားထဲမှာဆိုရင်တော့ ;(semicolumn) ခံရတယ်ဆိုတာလေးကိုတော့ သတိထားပေးပါ။
ခုလိုပြောင်းလိုက်တာက temporary ပါ စက်ပိတ်လိုက်တာနဲ့ နောက်တစ်ကြိမ် OS ပြန်တက်လာပြီဆိုတာနဲ ့ အရင် default အတိုင်း ပြန်ဖြစ်သွားမှာပါ။ အဲလိုမဟုတ်ဘူး မပိတ်ပဲနဲ့ default အတိုင်း ပြန်ထားချင်တယ်ဆိုရင် >>LS_COLORS=$ORIGINAL ဆိုပြီး ရိုက်ပေးလိုက်ရင် အရင် default အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ ပုံ(၅)
အကယ်လို့ ကိုယ်က ကိုယ့်စိတ်ကြိုက်လုပ်ထားတွေကို စက်ပိတ်လိုက်တိုင်း ပျောက်မသွားချင်ဘူးဆိုရင် user အောက်က .bashrc fileလေးထဲမှာ ၀င်ပြင်ပေးဖို့ လိုပါတယ်။ user တစ်ယောက်စာ အတွက်ပေါ့.. >>vim ~/.bashrc နဲ့ ၀င်လိုက်ပြီး အောက်ဆုံကို သွားပြီး ကို ပြောင်းချင်တဲ့ ပုံစံအတိုင်း ထည့်ပေးယုံပါပဲ။ vim မှာ စာတွေထပ်ထည့်မယ်ဆို insert mode ကို ၀င်ဖို့လိုပါတယ်။ အဲ့ အတွက် i ကိုနှိပ်လိုက်ပါ။ terminal အောက်ခြေမှာ --INSERT-- ဆိုပြီး ပေါ်နေရင် insert mode ထဲ ရောက်သွားပါပြီး။။ အောက်ဆုံးကိုသွားပါ ပြီးတော့ LS_COLORS=”di=1;35:fi=36:ex=4;31:*.sh=1;32;41” ဆိုတာကို ထည့်ပေးလိုက်ပါ။ ပြီးတော့ insert ကနေထွက်ဖို့ esc ကိုနှိပ်ပါ --INSERT-- ပျောက်သွားပြီ ဆိုရင် :wq(fullcolumn) ကိုနှိပ်လိုက်ပါ။ ပုံ(၆)
wq ဆိုတာက write & quit ပါ။ save လုပ်ပြီးထွက်လိုက်တာပါ။ ပုံမှန်ဆိုရင်တော့ ကိုယ် bashrc မှာ ပြင်ထားတာတွေက reboot လုပ်လိုက်မှ စပြီး effect ဖြစ်တာပါ။ ခုချက်ချင်း စပြီး အလုပ် လုပ်စေချင်ရင်တော့ source ~/.bashrc ဆိုပြီး run ပေးလိုက်ရင် ရပါပြီ။ ပုံ(၇)
Thanks for your Reading..
Comments