Internal & External Command


Command


Command ဆိုတာက user ကနေပြီး computer ကို ပေးလိုက်တဲ့ instruction ပဲဖြစ်ပါတယ်။ 
instruction ဆိုတာက ခိုင်းချင်တာကို computer နားလည်အောင်ပြောလိုက်တဲ့သဘောပါ။ 
ဥပမာ.. ကိုယ်ဘယ်နေရာ ဘယ်directory locationမှာ ရောက်နေလဲ သိချင်တယ်ဆိုပါတော့ 
Terminalမှာ $pwd လို့ရိုက်လိုက်တာနဲ့ ကိုယ်ခု ရှိနေတဲ့ လက်ရှိ(current working)directory ကို
 ပြပေးမှာပဲဖြစ်ပါတယ်။ ‘pwd’ (present working directory) ဆိုတာသည် ကိုယ့်ခုလက်ရှိ ရှိနေတဲ့
 directory ကို ပြဖို့ computer ကို terminal ကနေ တစ်ဆင်ခိုင်းလိုက်တဲ့ instruction ပဲ ဖြစ်ပါတယ်။ 
Linux မှာက command နဲ့ ပါတ်သက်ရင် window လိုပဲ external command နဲ့  internal command
 ဆိုပြီး နှစ်မျိုးရှိတယ်ဗျာ့။
Internal & External Command

Internal command ဆိုတာက shell မှာ defaultပါလာတဲ့ built-in command တွေဖြစ်ပြီးတော့ 
OS boot စတက်တဲ့ အချိန်မှာ load လုပ်ပါတယ်။ အဲ့အတွက်ကြောင့် internal command တွေကို  
run တဲ့အချိန်မှာ shell အနေနဲ့  process တစ်ခု(separate process)ထပ် run ဖို့ မလိုတော့ပါဘူး 
OS တက်ကတည်းက loading လုပ်ထားပြီး ဖြစ်တာကြောင့်ပါ။ မြင်သာတဲ့ ဥပမာအနေနဲ့  ပြောရရင် 
လူတစ်ယောက် စပြီးမွေးဖွားလာပြီ လူဖြစ်လာပြီဆိုတာနဲ့  သူ့ မှာ ပုခုံးနှစ်ဘက်ကြားမှာခေါင်းပါမယ်
 ခြေတွေလက်တွေရှိမယ်  အဲ့ မွေးကတည်းက (built-in) ပါထာတဲ့ လက်တွေကိုသုံးပြီး ထိုးတာ
 ခြေကိုသုံးပြီးကန်တာ စတဲ့ အပြုအမူမျိုးတွေဟာ ပြောရရင် ကိုယ့်မှာ ရှိပြီးသားအရာကို အသုံးချတာကို 
internal command လို့ ခေါ်တယ်။ အဲ့လိုပဲ OS Boot တက်လာပြီး shell က loading လုပ်ပြီးနောက် 
သူ့ (shell) မှာ သူနဲ့ အတူ Built-in ရှိနေတဲ့ internal command တွေကို သုံးတာဖြစ်ပါတယ်။ 
ကိုယ်သုံးနေတဲ့ command က internal command ဟုတ်မဟုတ်ကို type ဆိုတဲ့ command နဲ့ 
စစ်လိုက်လို့ရပါတယ်။

ပုံမှာဆို pwd, cd, echo, compgen တို့သည် shell builtin internal command တွေဖြစ်တယ်ဆိုတာကို 
type ဆိုတဲ့ command နဲ့ ကြည့်နိုင်ပါတယ်။ အဲ့မှာ gns3 ကို ကြည့်လိုက်ရင်တော့ shell buildin မဟုတ်ပဲ 
ထပ်ထည့်ထားတဲ့ external command ဖြစ်တာမို့လို့ သူ့ရဲ့  Path လမ်းကြောင်းဖြစ်တဲ့ /usr/local/bin/gns3 
ကို ပြပေးတာပါ။
Run နိုင်တဲ builtin command list ကို ကြည့်ချင်တယ်ဆိုရင် compgen -b ဆိုတဲ့ comand ကို အသုံးပြုပြီး 
ကြည့်ရှုနိုင်ပါတယ်။
compgen မှာ သူနဲ့ တွဲသုံးနိုင်တဲ့ options တွေရှိပါသေးတယ်။ အဲ့တာတွေကတော့..
  • -a means Names of alias
  • -b means Names of shell builtins
  • -c means Names of all commands
  • -d means Names of directory
  • -e means Names of exported shell variables
  • -f means Names of file and functions
  • -g means Names of groups
  • -j means Names of job
  • -k means Names of Shell reserved words
  • -s means Names of service
  • -u means Names of userAlias names
  • -v means Names of shell variables
တွေပဲဖြစ်ပါတယ်။ အခြားအသုံးပြုလို့ရတာ တွေလဲ ရှိပါသေးတယ်။ compgen ရဲ့  man page မှာ သွားရောက်ကြည့်ရှု
 လေ့လာနိုင်ပါတယ်။
External command ကျ သူက shell မှာ Built-in ပါတာ မဟုတ်တော့ပဲနဲ့ မတူညီတဲ့နေရာတွေ 
(different location)မှာ separate binary ဖိုင်တွေအနေနဲ့ ရှိနေပါတယ်။ အဲ့ separate ဖြစ်နေတဲ့ 
binary file တွေကို ဘယ်လို့သိလဲဆိုတော့ $PATH ဆိုတဲ့ variable ထဲမှာ binary ဖိုင်တွေကိုထားတဲ့ 
path လမ်းကြောင်းတွေကို ထည့်ထားပါတယ်။ pathလမ်းကြောင်း တစ်ခုချင်းဆီကို : လေးတွေနဲ့ ခြားပေးထားပါတယ်။

အကယ်လို့  ကိုယ့်စိတ်ကြိုက် create လုပ်ထားတဲ့ commandတွေကို နေရာတစ်ခုနဲ့ ထားချင်ရင် 
အဲ့ထားတဲ့နေရာရဲ့  location လမ်းကြောင်းကို $PATH variable ထဲ့ထည့်ထားပေးဖို့လိုပါတယ်။ အဲ့လိုမှ
 shall က သူ့ မှာ Built-in မပါတဲ့ external command တွေ run လိုက်ပြီဆိုရင် $PATH ထဲမှာ ရှိတဲ့
 pathလမ်းကြောင်းတွေမှာ လိုက်စစ်ပါတယ်။ pathလမ်းကြောင်းမရှိရင် runလိုက်တဲ့ command ကို မတွေ့ ရင်
 “No command found” ဆိုပြီး error တက်ပါလိမ့်မယ်။ ပြီးတော့ external command တွေကို run လိုက်ပြီဆိုရင်လဲ 
shell အနေနဲ့  နောက်ထပ် process အငယ်စား(separate sub-process) အနေနဲ့  execute လုပ်ပါတယ်။ 
internal command တုန်းကကျ built-in ပါတာ မို့လို့ sub-process မလိုပဲ တန်း run ပါတယ်။ ပြောရရင်တော့ ဗျာ 
internal command နဲ့  external command ကို ထပ်ပြီးမြင်သာအောင် နှိုင်းယှဉ်ပြီး ပြောရမယ် ဆိုရင် အပေါ်တုန်းက
 ပြောခဲ့တဲ့ ဥပမာကိုပဲ ထပ်ဆောင်းပြောရရင် လူတစ်ယောက် လမ်းလျောက်နေမယ်ဆိုပါတော့ အဲ့လျှောက်တယ်ဆိုတဲ့ 
processs မှာ မွေးကတည်းက build-in ပါလာတဲ့  ခြေထောက်တွေနဲ့ ပဲ လျှောက်နေတယ်ဗျာ့ အဲ့တာက internal ပေါ့ဗျာ။ အဲ့နောက် မိုးရွာလာတယ်။ ထီးဖွင့်ဖို့  လိုလာပြီ ထီးဘယ်နားထားတယ်ဆိုပြီး မှတ်ထားတာက $PATH ပေါ့ဗျာ့ ထီးရှိတဲ့ နေရာသိပြီးဆိုတော့ ထီးကို အိပ်ထဲကယူပြီး (separate Sub-process) ဆောင်းလိုက်တာကို External လို့ မြင်ကြည့်ပါဗျာ။
The difference between internal and external command
  • - The commands that are directly executed by the shell are known as internal commands. No separate process is there to run these commands.
  • - The commands that are executed by the shell/kernel are knows as external commands. Each command has its unique process id.
  • The only difference that exists between internal and external command is that internal commands work much faster than the external ones as the shell has to look for the path when it comes to the use of external commands.

Comments