PATH variable & export
ZawGyi Code
PATH variable
တွကို ကြည့်မယ်ဆို terminal မှာ printenv လို့ရိုက်လိုက်ရင် global အဖြစ်ရှိနေတဲ့ variable တွေကို မြင်ရမှာပါ။ 
လုပ်လိုက်မယ်ဗျာ့ ။
[photo]
List of Priority order
သူတို့တွေကတော့..
  1. Bash alias
  2. Special builtins (only in POSIX mode)
  3. Functions
  4. Builtins (Internal command)
  5. A search in $PATH (External command)
    1. First location in $PATH
    2. Second location in $PATH
    3. And so on…….
 ဆက်မကြည့်တော့ပါဘူး။
နောက်ပြီး variableတွေ PATHတွေနဲ့ တွဲသိဖို့လိုတဲ့ ကောင်ကတော့ export ပါ။
~/.bash_profile
~/.bash_profile
~/.bashrc
export a=linux
UniCode
PATH variable
Linux shell scripting တွေအတွက်မှာ shell environment variables တွေကို Dataတွေ valueတွေ သိမ်းဆည်းဖို ့ software configurations တွေ သိမ်းဆည်ဖို ့Terminal အတွက် settingတွေ သက်မှတ်ဖို ့shell environment တွေကို ပြောင်းလဲဖို ့အတွက် စသည်ဖြင့် သုံးကျပါတယ်။ shell environment variable တွေကို ကြည့်မယ်ဆို terminal မှာ printenv လို့ရိုက်လိုက်ရင် global အဖြစ်ရှိနေတဲ့ variable တွေကို မြင်ရမှာပါ။ ခု အောက်က ပြထားတဲ့ ပုံကတော့ printenv လို့ရိုက်လိုက်ရင် ထွက်မယ့် resultတွေ့ပဲဖြစ်ပါတယ်။ အကုန်ဆို screen မဆန့်ပါဘူး။ အဲ့တော့ printenv | less လို့ ရိုက်ကြည့်မယ်ဆို enter နှိပ်ပြီး စာကြောင်းတွေကို တစ်ကြောင်းပြီး တစ်ကြောင်း ကြည့်သွားယုံပါပဲ။
အဲ့လို များစွာရှိနေတဲ့ variableတွေထဲကမှ PATH ဆိုတဲ့ variable အကြောင်းကို ပြောပြချင်ပါတယ်။ PATH variable အကြောင်းကို ပြောပြမှာဖြစ်ပါတယ်။ PATH ရဲ့ အဓိကတာဝန်က ဘာလဲဆိုတော့ executable filesတွေ တည်ရှိတဲ့ နေရာကို ညွန်ပြပေးမယ့် လမ်းကြောင်း(path)တွေကို သိမ်းဆည်းထားတဲ့ environmental variable တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုလဲ ဆိုတာကို ဥပမာလေးတွေနဲ့ တစ်ချက်ကြည့်လိုက်ကျရအောင်ဗျာ ့။ ပထမဆုံး myscriptဆိုတဲ့ directoryလေး ဆောက်လိုက်မယ်ဗျာ ့/home/spacex/myscript ပေါ့။ ပြီးတော့ myscript အောက်မှာ commandလေး တစ်ကြောင်းလောက်နဲ ့executable ဖိုင်းလေး တစ်ဖိုင် vim နဲ ့create လုပ်လိုက်မယ်ဗျာ ့။
အဲ့နောက်မှာတော့ runဖို ့ executeလုပ်ဖို ့ permission ကို chmod 777 ဆိုပြီး ချိန်းပေးလိုက်ပါတယ်။ အဲ့နောက်မှာတော့ ./SayHello( လက်ရှိ ရှိနေတဲ့ directory အောက်မှာ ရှိနေလို့) ဒါမှမဟုတ် absolute path အစအဆုံး ရိုက်ပြီး /home/spacex/myscript/SayHello လို့ run လိုက်ရင် Hello, nice to see you. I am Spacex. ဆိုတဲ့ စာသားလေး ပေါ်လာပါလိမ့်မယ်။
အဲ့လိုမဟုတ်ပဲ ကိုယ်ဘယ်နေရာ ရောက်ရောက် SayHello လို ့run လိုက်တာနဲ ့ ရစေချင်တယ်ဆိုရင် အဲ့ဖိုင်ရှိနေတဲ့ Pathလမ်းကြောင်း(/home/spacex/myscript/)ကို PATH ဆိုတဲ့ variable ထဲထား ထည့်ထားဖို့လိုပါတယ်။ PATH သည် veriable ဖြစ်တဲ့ အတွက် ပြင်ဆင်(edit) လို့ ရပါတယ်။ termainal မှာ PATH=$PATH:/home/spacex/myscript ဆိုပြီး ရိုက်ပေးလိုက်ရင် ကိုယ်တွေ ထည့်ချင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ ့/home/spcaex/myscritp ကို နောက်ဆုံးမှာ ပေါင်းထည့်ပေးလိုက်တာပါ။ အဲ့တာမှ terminal မှာ SayHello လို ့ရိုက်ပြီး runလိုက်ရင် internal command မဟုတ်ဘူးတဲ့အတွက် PATHထဲမှာ ရှိနေတဲ့ location တွေမှာ ရှာတွေ့ရင် run ပါတယ်။ မရှိခဲ့ရင် SayHello: command not found ဆိုပြီး error တက်ပါလိမ့်မယ်။
PATH variable ထဲမှာ လမ်းကြောင်းအသစ် ထပ်ထည့်ပုံ အလုပ်လုပ်ပုံကို မျက်စိထဲမှာ ပိုမြင်သာအောင် ပြောပြချင်သေးတယ်ဗျာ ့။ echo $PATH လို့ run လိုက်ရင် PATH ထဲမှာ ရှိနေတဲ့ variable တွေ ထွက်လာတယ်လေ။ အဲ့လိုပဲ $PATH(/usr/local:/usr/bin:......) နောက်နေပြီး ကိုယ်ထည့်ချင်တဲ့ လမ်းကြောင်းလေးကို :(full-column) လေးနဲ့ ပေါင်းထည့်ပေးလိုက်တာပါ။ အဲ့ပေါင်းထည်ထားတဲ့ varaible အစုကို PATHထဲကို ပြန်ထည့်ပေးလိုက်တာပါ။ အကယ်လို ့ ပေါင်းထည့်ချင်တဲ့ လမ်းကြောင်းက တစ်ခုမကရှိနေရင် : (full-column) လေးတွေခံပြီး ရေးပေးယုံပါပဲ။ ကိုယ်က ကိုယ့် pathလမ်းကြောင်းကို အနောက်မဟုတ်ပဲ အရှေ ့ကနေပေါင်းထည့်ချင်တယ် ဆိုရင်လဲ $PATH ရဲ ့အရှေ့ မှာ ရေးပေးလိုက်ယုံပါပဲ။
တစ်ကယ်လိုများ PATH= /home/spacex/myscript/ လို ့များ ရေးခဲ့မိလိုက်မယ်ဆိုရင် PATHထဲမှာ /home/spacex/myscript/ ဆိုတဲ့ လမ်းကြောင်းတစ်ခုပဲ ရှိတော့မှာပါ။ အကုန် overwrite ဖြစ်သွားပါလိမ့်မယ်။ [photo]
List of Priority order
ကျွန်တော်တို့တွေ terminal မှာ command တစ်ခု ရိုက်လိုက်ပြီးဆိုရင် နာမည်(Key Word) တူတာတွေ ရှိနေမယ်ဆိုရင် ဘယ်ကကောင်ကို အရင်ဦးစားပေး run(execute) လုပ်ရမယ်ဆိုတဲ ့ Priority Order ရှိတယ်ဗျာ ့။ သူတို့တွေကတော့..
Bash alias
Special builtins (only in POSIX mode)
Functions
Builtins (Internal command)
A search in $PATH (External command)
First location in $PATH
Second location in $PATH
And so on…….
ခု focus လုပ်ပြီး မျက်စိထဲမြင်ကြည့်ရမှာက no.4 နဲ ့ no.5 ပါ။ တစ်ခြားအပေါ်ကကောင်ကို ခနမေ့ထားလို့ ရပါတယ်။ သူတို့တွေကို သက်ဆိုင်င်ရာ နောင်အခန်းတွေကျမှ ရှင်းပြပါ့မယ်ဗျာ ့။ terminal ကနေ command တစ်ခု run လိုက်ရင် internal builtin မှာ ရှိနေတယ်ဆို internal builtin command အနေနဲ ့ execute လုပ်ပါတယ်။ Internal Builtin မဟုတ်တဲ့ command တွေကျ external အဖြစ်နဲ ့ $PATH မှာသွားကြည့်ပါတယ်။ ကြည့်တဲ့နေရာမှာလဲ terminal အစ ဘယ်ဘက်(left side) ကနေပြီး path တစ်ခုချင်းဆီကို မတွေ့မချင်း ကြည့်သွားပါတယ်။ အကယ်လို့ သုံးခုမြောက် pathလမ်းကြောင်း မှာ တွေ့တယ်ဆို အဲ့နေရာမှာ ရှာတဲ့ အလုပ်ကို ရပ်ပြီး runပါတယ်။ နောက်ကကောင်တွေကို ဆက်မကြည့်တော့ပါဘူး။
နောက်ပြီး variableတွေ PATHတွေနဲ့ တွဲသိဖိုု့လိုတဲ့ ကောင်ကတော့ export ပါ။
Export ဆိုတာက linux မှာ build-in ပါနေတဲ့ commandပါ။ ပြောရရင်တော့ linux shell ရဲ့ အစိတ်အပိုင်းတစ်ခုလိုပါပဲ။ အောက်မှာ သူ ့ရဲ့ syntex ပါ။
Example လေးတွေနဲ ့တစ်ချက်ကြည့် ကျရအောင်ဗျာ။
(1) a=linux ဆိုပြီး linux ဆိုတဲ့ စာသားကို a ဆိုတဲ့ variable ကို ထည့်လိုက်ပါတယ်။
(2) echo command နဲ့ a variable ထဲမှာ ရှိတဲ့ data(value) ကို ထုတ်ဖို့အတွက် echo $a ဆိုပြီး သုံးပါတယ်။ a ရှေ့မှာ $ ထည့်ရတာကတော့ a ကို variable အနေနဲ့ သိအောင်လို့ပါ။
(3) bash ဆိုပြီး child process အသစ်ဖန်တီးလိုက်ပါ။။ အဲ့နောက်မှာ a variable ကို ပြန်ပြီး ထုတ်ကြည့်ပါ။
(4)echo $a ဆိုပြီး ထုတ်ကြည့်လိုက်ပါ။ new child process မှာကျ a က ဘာ data/value မှ သူ့ထဲကို define မလုပ်ထားတဲ့အတွက် ထွက်လာမှာ မဟုတ်ပါဘူး။
(a)a=linux >> a ထဲကို linux ဆိုတဲ့ word လေးကို ထည့်လိုက််ပါတယ်။ အဲ့နောက် export a ဆိုပြီး export လုပ်ပါတယ်။ child process တွေမှာပါ သုံးနိုင်အောင်လို့ပါ။
(b)အဲ့နောက် bash ဆိုပြီး child process အသစ်ကို create လုပ်လိုက်ပါ။ new child process အနေနဲ့ a ထဲက data ကို ထုတ်ကြည့်ပါ။ echo $a >> linux ဆိုပြီး ထွက်လာပါလိမ့်မယ်။
ဒါပေမယ့် terminal ပိတ်ပြီး ပြန်ဖွင့်တဲ့ အခါ tty session တစ်ခု အသစ်က ပြန်စတဲ့ အခါကျရင်တော့ export လုပ်ထားလည်း ရှိတော့မှာ မဟုတ်ပါဘူး.. Perminent လုပ်ချင်တယ်ဆိုရင်တော့
~/.bash_profile
~/.bash_profile
~/.bashrc
တို့ရဲ့ အောက်ဆုံးလိုင်းမှာ သွားထည့်ပေးလိုက်ယုံပါပဲ။
PATH=$PATH:/home/spacex/myscript
export a=linux
Comments