What is TTY/PTY in Unix/Linux


What is TTY in Unix/Linux



TTY ဆိုတာ ဘာလဲဆိုတော့ ဟိုးအရင် computerခေတ်ဦးတုန်းက user တွေဟာ Main Framecomputer ကို connect
လုပ်တဲ့နေရာမှာ  electromechanical teleprinters or teletypewriters (TeleTYpewriter,TTY) တွေကို terminal တွေ
အနေနဲ့ အသုံးပြုပါတယ်။ TTY အကြောင်းပြောရင် Teletype-writer တွေ အကြောင်းကို ပြောမှ ပိုပြီး ပြည့်စုံတာဗျာ့။
တစ်ကယ်တော့ အစတုန်းက  အိုင်ဒီယာက stock exchange အတွက် ရည်ရွယ်ပြီး  stock ticker ဆိုတာလေးကို  
တီထွင်ခဲ့တာဗျာ့။
stock ticker မှာဘာတွေပါလဲဆိုတော့  typewriter( keyboard လိုမျိုး) ရယ် wireကြိုးမျှင်လေးတွေပါတဲ့
 ကြိုးအရှည်ရယ် ပြီးတော့ ticker tape printer ရယ်ပဲ ဖြစ်ပါတယ်။
ခုပုံလေးကတော့ stock ticker လေးပဲဖြစ်ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့  စတော့ရှယ်ယာ တန်ဖိုးတွေကို
 ဘယ်လောက်ဝေးဝေး (ကြိုးတော့ဆွဲပေးထားရတာပေါ့နော်) အချိန်နဲ့ တစ်ပြေးညီ real time 
သိနိုင်အောင်လို့ ပဲဖြစ်ပါတယ်။ အဲ့ အယူအဆ (idea) ဟာ တစ်ဖြည်းဖြည်း တိုးတက်လာပြီးတော့ 
ASCII-based teletype တွေဖြစ်လာပါတယ်။ ကြေးနန်းဆက်သွယ်ရေး (telegrams) ဘက်မှာလဲ 
စီးပွားဖြစ်သုံးလာကျပါတယ်။ world wide အနေနဲ့ ကြေးနန်းဆက်သွယ်ရေးမှာ သုံးတဲ့ Teletype ကို 
Telex လို့ခော်ပါတယ်။ ဒါပေ့မယ် အဲ့အချိန်ထိ ကွန်ပျူတာတွေနဲ့ ဆက်သွယ်ပြီး မသုံးကျသေးပါဘူး။
Computer တွေဟာလဲ  user နဲ့ real time မြန်မြန်ဆန်ဆန်အလုပ်လုပ်နိုင်လာကျတယ်။ ဒါပေမယ့် တစ်ကယ့်ကို
 heavy metal အကြီးစားကြီးတွေ အနေနဲ့ ပဲရှိနေတုန်းပဲ.. အိမ်လောက်ရှိတဲ့ main frame computer ကြီးတွေပေါ့ဗျာ။
ကွန်ပျူတာတွေ ခေတ်ဦးတုန်းက ခုခေတ်လို system ပုန်းတွေ monitor တွေ  keyboard တွေ တွဲရက်မဟုတ်ဘူးဗျာ့။
အိမ်လောက်ကြီးတဲ့ system box တွေကို မြင်ကြည့်ပေါ့ဗျာ။ အဲ့ main frame တွေရဲ့ termintal ကို access လုပ်ဖို့ 
teletype writer တွေကို သုံးတယ်ဗျာ့။ main frame ရဲ့ input output device အနေနဲ့ သုံးပါတယ်။

Teletypewrite ဆိုတဲ့  စကားကနေဖြစ်ပေါ်လာတဲ့ စကားလေးကို text-only console တွေကို ခေါ်တဲ့နေရာမှာ
tty လို့ ပဲ ဆက်ပြီး ခေါ်ဝေါ်အသုံးပြုပါတယ်။ Unix system တွေ Linux system တွေရှိတဲ့ main frame
တွကို serial cable တွေနဲ့ ချိတ်ဆက်ပြီး တစ်ခြားတစ်ဘက်ကိုတော့ teletype ကို ချိတ်လိုက်ပြီး 
အသုံးပြုပါတယ်။ အဲ့ connection တစ်ခုကို TTY session တစ်ခုလို့ခော်နိုင်ပါတယ်။

အဲ့လို paper နဲ့ result ကို print ထုတ်နေရာကနေပြီး တစ်ဆင့်တက်ပြီး monitor display နဲ့ input/output 
result တွေကို ပြတဲ့  computer terminal တွေကို အသုံးပြုလာကျပါတယ်။
ယနေ့ခေတ်မှာတော့ ပိုအဆင်မြင့်လာပြီး  physical hardware အနေနဲ့  မဟုတ်တော့ပဲနဲ့  virtual terminal အနေနဲ့ ပဲ
ဆက်လက်တည်ရှိပါတော့တယ်။ အဲ့မှာ အခေါအဝေါ နှစ်ခုကို ဆက်ပြီး ရှင်းပြချင်ပါတယ်။
TTY   နဲ့ PTY ပဲ ဖြစ်ပါတယ်။

TTY: ဆိုတာက အေပဿဿါ္မွာလဲ ရှင်းပြခဲ့ပါတယ်။ သူက serial  နဲ့ချိတ်ဆက်ထားတဲ့ connection တွေ 
linux system ထဲမှာ locally (dirctly) အနေနဲ့ ရှိနေတဲ့  terminal တွေကို TTY အနေနဲ့ သက်မှတ်ပါတယ်။

အခုပုံကတော့ current terminal  မှာ who လို့ရိုက်လိုက်ရင် လက်ရှိ ရှိနေတဲ့ user တွေကို ထုတ်ပြပေးပါလိမ့်မယ်။ 
spacex ဆိုပြီး tty7 နဲ့ ရှိနေတာကို တွေ့ရပါတယ်။ Linux system အများစုမှာ Ctrl+Alt+F(1 to 6) အထိ 
virtaul console (tty) တွေကို support ပေးပါတယ်။ Ctrl+Alt+F2 ကိုနှိပ်လိုက်မယ်ဆို virtual console 
တစ်ခုဖြစ်တဲ့ tty2 ကို ရောက်သွားပါလိမ့်မယ်။
Ctrl+Alt+F6 ကို နှိပ်လိုက်ရင်တော့ tty6 ကိုရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။


ကိုယ် GUI နဲ့ သုံးနေတဲ့  terminal ကိုပြန်ရောက်ချင်တယ်ဆိုရင်တော့ Ctrl+Alt+F7 ကိုနှိပ်လိုက်ရင်  X server run
 နေတဲ့ Console ရှိရာကို ခေါ်သွားပေးပါတယ်။ GUI (Gnome/KDE or any other) တော်တော်များများ ဟာ 
X ပေါ်ကနေ လုပ်ဆောင်နေတာပါ။ အဲ့အတွက်ကြောင့် GUI window ဘက်ကို ပြန်လည်ရောက်ရှိသွားပါ လိမ့်မယ်။

pty-pseudoterminal interfaces ဆိုတာကကျတော့ သူ့  Meaning လေးကို တစ်ချက်ကြည့်ကျရအောင်ဗျာ။။
 A pseudo-terminal is a pair of virtual character devices that provide a bidirectional 
communication channel. ပြောရရင် သူက bidirectional channel ရှိတဲ့ terminal pair တစ်ခုပဲဗျာ့။ 
Bidirectional ဆိုတဲ့အတိုင်းပဲ ဟိုဘက် ဒီဘက် အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ဘက်ခြမ်းက master ဖြစ်ပြီး  
တစ်ခြားဘက်ခြမ်းက slave ပါ။

Slave ဘက်ခြမ်းက  classical terminal ပုံစံ interface ရှိနေပါမယ်။ slave ဘက်ခြမ်းကနေ session တစ်ခု
ဖွင့်လိုက်တာနဲ့ master ဘက်မှာလဲ အသင့်ဖြစ်နေပါပြီ (start open process) ။ slave ဘက် ရိုက်လိုက်တဲ့ inpute တွေကို
 master ဘက်ကို ပို့ပေးပြီး master ဘက်က ပြန်လာတဲ့  result တွေကို slave ဘက်ခြမ်းမှာ ပြလို့ရအောင် ပို့ပေးပါတယ်။ 
အပေါ်မှာ ခုနက ပြောခဲ့တဲ့ TTY တွေနဲ့ဘာကွာလဲ ဆိုတော့.. TTY က local login, direct serial connection
တွအတွက်ပါ။ PTYက remote login တွေအတွက်ပါ။ linuxဆိုတာ့ multi-task, multi-user support OS တစ်ခု
မဟုတ်လား။
Remote login application  တွေဖြစ်တဲ့ SSH, Telnet စတဲ့ network login services တွေကို သုံးပြီး
ဝင်ရောက်တာပဲဖြစ်ပါတယ်။ အဲ့ SSHတို့ Telnet တို့ကို PTS (pseudo terminal slave) လို့ ခေါ်ပါတယ်။
 ခု ကျွန်တော့် Linux OS နဲ့  Tablet တို့ဟာ same wifi ထဲမှာပါ။ tablet ကနေ ssh နဲ့ Linux OS ကို 
server နေရာထားပြီး ၀င်ကြည့်ပါ့မယ်။ linux OS ရဲ့ IP က 192.168.0.116 ဖြစ်ပြီး Tablet ကတော့ 
192.168.0.102 ပါ
ခုကြည့်လိုက်တဲ့အခါမှာတော့ PTS အနေနဲ့ ၀င်နေတာကို တွေ့မြင်နိုင်ပါတယ်။  ;-)

သက်ြန်မှာ ပျော်ပျော်ရွင်ရွင်နဲ့ ဘေးရန်ကင်းကင်း လည်နိုင်ကျပါစေဗျာ့။
ခုရေးခဲ့တဲ့  TTY တွေ PTS တွေ အကြောင်းကတော့ ကိုရဲကို birthday present အနေနဲ့ ရေးပေးတာပါ။
HappyBirthdy U Lay!!

BRs,
Khant Phyo
~[F]or-get


Comments