All about GNS3 and its way with Linux (version - 1) Myanmar Version



ဟိုးအရင် GNS3 မပေါ်ခင်တုန်းက ဆို တို့တွေ ဘာနဲ့ cisco router တွေကို emulate လုပ်ကျလဲ ဆိုတော့ dynamips ဆိုတဲ့ emulator ကို သုံးပြီး run ရတယ်။ real device တွေနဲ့ မဟုတ်ပဲ သူက PC တွေမှာ Router တွေIOS software Imageကို runပြီး lab စမ်းနိုင်အောင် emulation လုပ်ပေးတဲ့ computer program တစ်ခုပေါ့။ Cisco platforms 1700, 2600, 2691, 3600, 3725, 3745, and 7200 series cisco router တွေကို support ပေးပါတယ်။ ဒါမှဟုတ် NS3 တို့ ဘာတို့လဲ ရှိသေးတယ်.. ကိုယ်တွေ ခေတ်ကျ အဲ့တာတွေနဲ့ စမ်းစရာမလို့တော့ဘူး.

ခု ဒီ Jeremy ဆိုတဲ့ ပုဂ္ဂိုလ်က သူ France မှာ မာစတာတက်တုန်း final year project အနေနဲ့  စတင်ခဲ့တာပါ။ hardware device တွေနဲ့ထက် .. အချိန်မရွေး real device တွေနဲ့ lab လုပ်သလိုမျိုး လုပ်လို့အောင် စိတ်ကူးပြီး စတင်အကောင်အတည် ဖော်ခဲ့တာ ခုဆို .. Network Engineerတွေအတွက် အတော်လေးကို အဆင်ပြေတဲ့ software တစ်ခုပေါ့။ GNS3 ကို python language ကိုအသုံးပြု ရေးသားထားပြီး GNU General Public License အောက်မှာပါရှိတယ်။ သူသည် opensource တစ်ခုဖြစ်တာမို့ သူ့ source code တွေအကုန်လုံးကို github (https://github.com/GNS3/gns3-gui/releases)မှာ တင်ထားပြီး public မှာ ရှဲထားပါတယ်။ contribue လုပ်ချင်တဲ့  မည်သူမဆို ပါဝင်လို့ရပါတယ်။

ဒီနေရာ တစ်ခု သတိထားရမှာက cisco packet tracer သည် simulation လုပ်ပေးတဲ့ tools တစ်ခုပါ။ တစ်ကယ့် device တွေနဲ့ lab ရသလိုမျိုး ရအောင် အဆင်ပြေအောင် code ရေးထားတဲ့ software ပေါ့။ GNS 3 ကျတော့ Graphical Network Emulator ဆိုပေးမယ့်  emulator (dynamips, QEMU, VM, etc) တွေသုံးပြီး IOS imag တွေကို တစ်ကယ် boot တက်ပြီး run ပေးတဲ့ emulator နော်။ အဲ့ကြောင့် သူက ram/cpu စားတယ်။

ကိုယ်သုံးရင် သုံးသလောက် RAM တွေ CPU တွေကုန်မယ်။ ပြောချင်တာက Device တွေ များကြီးနဲ့ lab လုပ်မယ်ဆို RAM/CPU မြင့်တဲ့ များတဲ့ စက်မှ အဆင်ပြေမယ်။ Packet tracer ကျ code တွေ နဲ့ simulate လုပ်ပေးထားတာ ဖြစ်လို့ စက်အနှိမ့်လေးတွေ Phone တွေမှာပါ အဆင်ပြေတယ်။



ကဲ ခု GNS3 ကို install လုပ်တာရယ် သူ့ ရဲ့ concept လေးကို အရင်ပြောပြမယ်။ Cisco Devices တွေကို run မယ်ဆို GNS3 တစ်ခုထဲသုံးမလား။ ဒါမှမဟုတ် GNS3 VM နဲ့ တွဲသုံးမလား။ GNS3 တစ်ခုထဲဆို IOS တွေကို သုံးရမယ်။ GNS3 VM( linux base) ဆိုရင်တော့ IOU (IOS On Unix) ကို သုံးလို့ရတဲ့အတွက် IOUမှာ က Layer 2 ကိုပါ စမ်းလို့ရပါတယ်။  

window user တွေအနေနဲ့ ဆိုရင်တော့ GNS3 VM ကိုတွဲ ပြီးသုံးစေချင်တယ်။ window သမားတွေနေနဲ့ က GNS3 VM မပါရင် IOU မရတဲ့အတွက် layer 2 စမ်းလို့ အဆင်ပြေမှမဟုတ်ပါဘူး။ ပြီးတော့ GNS3 VM ကို run ဖို့ virtual emulator တစ်ခုလိုပါတယ်။ အဲ့အတွက် VMware သုံးမလား Virtual box သုံးမလားပေါ့။ သူ့ recommend အရတော့ VMware ကိုသုံးသင့်ပါတယ်။

ဘာလို့လဲဆိုတော့.. VMware မှာက nested virtualization ကို support ပေးတဲ့အတွက်ကြောင့်ပါ။ GNS3 VMမှာက ubridge ကိုအသုံးပြုပြီးတော့ compute server (Dynamips, QEMU,.etc) တွေ တစ်ခုခုနဲ့ တစ်ခုခု UTP tunnel လုပ်ပြီး ချိတ်ဆက်တဲ့အခါကျ nested virtualization ရှိမှာ အဆင်ပြေမှာပါ။ virtual box သုံးမယ်ဆိုရင်တော့ နှေးကွေးနေပါလိမ့်မယ်။
Linux user တွေအတွက်ကတော့ IOU support ကိုယ့်local machine မှာ လိုချင်ရင် GNS3 ရဲ့  official doc မှာ ပါတဲ့အတိုင်း config လုပ်ပေးလိုက်ယုံပါပဲ။ Docker support လိုချင်ရင် additional config လေးထည့်လိုက်ရင်ရပါတယ်။ အဲ့လို တစ်ခုချင်း config ချရတာအလုပ် ရှုတ်တယ်ထင်ရင် GNS3 ကိုသွင်း ပြီး GNS3 VM နဲ့ ချိတ်ထားလိုက်ရင် ရပါတယ်။ GNS3 VM မှာက အဲ့တာတွေကို pre-config အကုန်လုပ်ပေးထားပါတယ်။

အဲ့တော့ ခုလုပ်မယ့် task ကို ပြန်ပြောမယ်..   
1. Install gns3
2.Install VMware workstation/Player or Virtual Box
3.Install GNS3 VM on Virtual Machine

တစ်ခုမှတ်ထားရမှာက GNS3 က version 2.1.11 ဆို GNS3 VM ကလဲ version 2.1.11 ဖြစ်မှ ရမှာပါ။ တစ်ခြား version  ဖြစ်လို့မရပါဘူး။
ပထမဆုံး GNS3 ကို install လုပ်ပါ။
ခုအဓိက ထားပြီး ပြောသွားမှာကတော့ linux ဘက်ကို အဓိကထားပြောသွားမှာပါ။ ပြီးတော့ တစ်ခြားလိုအပ်တဲ့ conceptတွေ
ကတော့ linux ကော window မှာပါ အတူတူပါပဲ။ ခု ubuntuမှာဆို ppa(Personal Package Archive) အရင်ဆုံး add လိုက်ပါ။
sudo add-apt-repository ppa:gns3/ppa

အဲ့လို PPA channel ကို add ပြီး install လုပ်လို့ရသလို .. add-apt-repository မရရင်လဲ.. /etc/apt/source.list မှာ သွားပြီး repoကို သွားထည့်လို့ရပါတယ်။ GNS3 ရဲ့ Documentမှာလဲ ရေးပေးထားပါတယ်။ အဲ့လိုမှမဟုတ်  ppa ထည့်ချင်တယ် add-apt-repositoryလဲ မရရင် ဘာထပ်လုပ်လို့ ရမလဲဆိုတော့ကာ..

sudo apt-get install software-properties-common
And/OR
sudo apt-get install python3-software-properties
And/OR
sudo apt-get install python-software-properties
တို့ကို သုံးပြီးတော့ PPA channel  ကို ထည့်လို့ရအောင်လဲ လုပ်လို့ရပါတယ်။

sudo apt-get install gns3-gui

ဆိုပြီး GNS3 ကို install  လုပ်ပေးလိုက်ပါ။



Root မဟုတ်တဲ့ non-superuserတွေအတွက် Yes ကို ရွေးပေးပါ။ အဲ့ နောက်မှာတော့.. Terminal ကနေပြီးတော့ $gns3 ဆိုပြီး run လိုက်ရင်

GNS3 တက်လာပါလိမ့်မယ်။

ဟုတ်ပြီး အဲ့လို့ PPA add တာ souce listထည့်တာတွေ မလုပ်ပဲ pip ကိုသုံးပြီး install လုပ်တဲ့ နည်းကို ပြမယ်။ Pip ကို သုံးမယ်ဆို သူက python/python3 run လို့ရတဲ့ စက်တွေမှာ ဆို ထည့်လို့ ရတယ်။ကျွန်တော်ကတော့ ခုပြောတဲ့ နည်းကိုသုံးဖြစ်တာ ပိုများတယ်။ တစ်ခုမှတ်ထားရမှာက အပေါ်မှာ ပြောခဲ့တာသည် ppa/source တွေ ထည့်ပြီး GNS3 ကို သွင်းတာ။

ခုထပ်ပြောမှာက pip3 ကိုသုံးပြီးတော့ GNS3ကို install လုပ်မှာ။ ဘယ်နည်းနဲ့ ရရ  GNS3 ဖွင့်လို့ရရင် ရပြီး။ ရနေတာကိုမှ အကုန်လုံးစမ်းစရာ မလိုဘူးနော်။ apt-get နဲ့ install လုပ်ထားတဲ့ GNS3ကို ပြန်ဖြုတ်ချင်ရင်  apt-get remove gns3-gui နော်..

ကဲ စမယ်.. Pip3ကို သုံးပြီး  gns3ကို install လုပ်ကျစို့ ။ sudo apt-get install python3 python3-pip ဆိုပြီး pip3 ကို install လုပ်လိုက်ပါ။


    ဒီနေရာမှ တစ်ခုသိထားရမှာက pip သည် python (2.7) နဲ့ run ပြီး pip3 ဆိုတဲ့ အတိုင်း Python (3.4 နဲ့ အထက်) လိုအပ်ပါတယ်။ အဲနောက် pip3 ကို သွင်းပြီးသွားပြီဖြစ်တဲ့ အတွက် pip ကိုသုံးပြီးတော့ gns3-gui ကို install လုပ်ပါ။ အဲ့နောက် gns3-serverကို installလုပ်ပါ။

သုံးရမယ် command ကတော့.. >>

GNS3 GUI (client)

sudo pip3 install gns3-gui (အဲ့လိုရိုက်ရင် နောက်ဆုံး ထွက်တဲ့ version ကိုသွင်းပေးသွားမှာပါ)
sudo pip3 install gns3-gui==2.1.5 ( ဒီလိုရိုက်ရင်တော့ ကိုယ်သွင်းစေချင်တဲ့ versionကို သွင်းပေးသွားမှာပါ) ကြိုက်တဲ့ တစ်ခုကို သုံးပါ။


GNS3 Server (background)

sudo pip3 install gns3-server (အဲ့လိုရိုက်ရင် နောက်ဆုံး ထွက်တဲ့ version ကိုသွင်းပေးသွားမှာပါ)
sudo pip3 install gns3-server==2.1.5 (ဒီလိုရိုက်ရင်တော့ ကိုယ်သွင်းစေချင်တဲ့ versionကို သွင်းပေးသွားမှာပါ) ကြိုက်တဲ့ တစ်ခုကို သုံးပါ။

ပြီးတော့ GNS3 VMမသုံးပဲ ကိုယ်လိုတာတွေပဲ (qemu, iouyap, ubridge, dynamips...). ထည့်သုံးမယ်ဆိုလဲ သုံးလို့ရတယ်။

pip/pip3 ဆိုတာက python progamming သမားတွေဆိုရင်တော့နားလည်တယ်။ python packageတွေ install လုပ်ုလိုက်တာပဲ။ GNS3တစ်ခု လုံးကလဲ pythonနဲ့  ရေးထားပဲလေ။

   
သူက repository ထည့်တာ/source.list ထည့်တာနဲ့တော့ မတူဘူး.. ထည့်ပြီး  run လိုက်ရင် လိုနေတဲ့ python package လေးတွေ ရှိနေတက်တယ်။ အဲ့လိုနေတာလေးတွေကိုလဲ pip3 ကိုသုံးပြီး ထည့်လိုက်ရုံးပဲ။  ;-)



    လိုနေတဲ့ package တွေဖြစ်တဲ့ sip & PyQt5 တော့ ထည့်ပြီးသွားပြီ ဆိုတော့ ပြန် run ကည့်ပါ။ GNS3 ကို…..


    ကဲ လိုနေတာမရှိတော့ဘူးဆိုရင်တော့ ချောချော မွေ့ မွေ့ ပြီးသွားပြီပေါ့။ တစ်ခါတစ်လေ ကိုယ်သုံးတဲ့ linux desto မှာ တစ်ခြား သူများနဲ့ မတူတဲ့ errorမျိုး တတ်တက်တယ်။ အဲ့တာကျgoogling လုပ်ပြီး သူ့ ဆိုင်ရာ ဆိုင်ရာ communityတွေ site တွေမှာ မွေနှောက်ဖက်ရတာပေါ့။ အတွေ့အကြုံ ရပါတယ်။ စိတ်မပျက်ပဲ စမ်းကြည့်ကျပါ။ မရရင်လဲ လာမေးလို့ရပါတယ်။
    ကဲ တစ်ခုတော့ တော့ပြီးသွားပြီး.. GNS3 VM နဲ့ တွဲ ပြီး labလုပ်ဖို့အတွက် VMware workstation/player လိုပါတယ်..VMware Player ကတော့ commercial use မဟုတ်ရင် freeသုံးလို့ရတော့ အဆင်ပြေမှာပါ။  VMware Workstation ကို crackရှိရင်လဲ သုံချင်သုံးပေါ့။
ခုဒီမှာတော့… VMware player ကို သွင်းပြထားပါတယ်။

>>> Download Link <<<



Downloadရ လာမယ့် linuxအတွက် install  လုပ်ရမယ် fileသည် *.bundle နဲ့ ဆုံးပါတယ်။ သူ့ကို executable permission ပေးပြီး execute လုပ်လိုက်ပါ။ အောက်မှာ လုပ်ပြထားပါတယ်။

Sudo chmod a+x VMware-Player-14.1.2-8497320.x86_64.bundle

Sudo ./VMware-Player-14.1.2-8497320.x86_64.bundle
Or
Sudo bash VMware-Player-14.1.2-8497320.x86_64.bundle

    တစ်ခုမှတ်ထားရမှာက ကိုယ် VMware version 12 သွင်းလို့ error တက်ရင် version 14 တို့ 15 တို့နဲ့ စမ်းကြည့်ပါ။ အဲ့တာမှ မရရင်တော့ တက်တဲ့ error  ကို ရှာပြီး FIX လုပ်ပါ။ ဖြစ်တက်တဲ့error အများစုက ရှာလိုက်ရင် အဖြေပါတစ်ခါတည်း တွေ့ပါတယ်။


    အဲ့နောက်မှာတော့ နောက်ထပ် လိုနေတာဖြစ်တဲ့  GNS3 VMကို ဒေါင်းပါ။ ကိုယ်က VMware သုံးမှာလား.. Virtual box သုံးမှာလား..
ESXI သုံးမှာလား.. သုံးမယ့်ကောင်အတွက် လိုအပ်တဲ့ GNS3 VM တစ်ခုကို ပဲ ဒေါင်းပါ။။ တစ်ခုမှတ်ထားဦးနော်.. GNS3 VM version သည် GNS3 versionနဲ့ တူမှ အဆင်ပြေမှာပါ။


See by Terminal Browser ..

GNS3 VM (virtualbox / VMware) download link >> https://github.com/GNS3/gns3-gui/releases

ခုလုပ်မယ့်  labတွေ CCNA တန်းမှာ သင်တာတွေကတော့ Virtual Box နဲ့ ဆိုလဲ ပြေတယ် ပြသနာမရှိဘူး။








Seen by Web Browser ..

VMware လား Virtualbox လား ရွေးပါ။ ပြီးတော့GNS3  နဲ့version တူတာ ဒေါင်းပါ။



ခုအောက်က ပုံကတော့ virtualboxကို သွင်းပြထားတာပါ။



GNS3 နဲ့  GNS3 VMချိတ်တော့မယ် ဆို VMကို အရင်ဖွင့်ထားတာ အကောင်းဆုံးပါပဲ။ GnS3 VM ကို virtualbox/vmware နဲ့သွင်းမယ်​ဆို ne machine မရွေးရပါဘူး open virtul machine(impoert) လုပ်​ပေးလိုက်​ယုံပါပဲ



ပြီးမှ  GNS3ကို runပါ။  Setup Wizard မှာ တစ်ခါတည်းရွေးပေးလို့ရသလို ...GNS3 menu ထဲက  Edit >> Perferences မှာ လဲ သွားပြီး ရွေးပေးလို့ရပါတယ်။


    ခုမှ စ install  လုပ်တာဆိုတော့ setup wizard ကနေပဲ လုပ်တာပြလိုက်တော့မယ်။ Preferences ကနေလုပ်တာကလဲ ဘာမှ မကွာပါဘူး စမ်းကြည့်တာနဲ့ လုပ်တက်မှာပါ။ စိတ်မပူနဲ့.. မသိရင်မေးပါ။
VMware လား VirtualBoxလားရွေးပေးလိုက်ရင် auto GNS3 VM ကို select မှတ် ပါတယ်။

    တို့တွေကို နောက်ထပ် မေးလာမှာ လုပ်ရမှာက  IOSတွေIOUတွေ စတာတွေကို ဘယ်လို့ runမလဲ ပေါ့။ GNS VM သုံးရင် သူ့ပေါ်မှာ run တာ အကောင်းဆုံးပါပဲ။။
IOSတွေIOUတွေ ဒေါင်းဖို့ လင့်ပါ။


နောက်တစ်ခုကတော့ SourceForgeကနေ တင်ပေးထားတဲ့ GNS3 နဲ့ ပါတ်သက်တဲ့ Appliance တွေ Fileတွေ ပါ။



ခု စစချင်း အဓိက လိုနေတာကတော့  IOU (IOS On Unix) ပါ။ အဲ့တာကို အရင်ဒေါင်းလိုက်ပါ ။ အောက်မှာ ပြထားသလို့ importလုပ် လိုက်ပါ။ nexe next okay ပါပဲ.. အရမ်းမခက်ပါဘူး...


GNS3 VM ပေါ်မှာ runဘယ် ပြောလိုက်ပါ။ အဲ့လိုမှ မဟုတ် ကိုယ့် စက် local OS မှာ မှ run ချင်ရင်တော့ တစ်ခြားလိုတာတွေ ဖြစ်တဲ့IOU supportရအောင် သွင်းပေးဖို့လိုအပ်ပါတယ်။

If_you_want_IOU_support

sudo dpkg --add-architecture i386
sudo apt-get update
sudo apt-get install gns3-iou

IOU binaryဖိုင် ကို  ရွေးပေးပါ။ L2 ဆိုတာသည် layer 3 image ဖြစ်ပြီး L3 ကတော့ Layer 3 imageပါ။

နာမည်ပေးပါ။ L2/L3 ရွေးပေးပြီး finishedနှိပ်ပါ။



    Imageတွေ ထည့်ပြီးသွားရင် နောက်ထပ်လိုတာက IOUအတွက် lincense ရယ် အဲ့ license မှာ ရှိတဲ့ နာမည် အတိုင်း GNS3 VM ကို ပြောင်းပေးဖို့ရယ် လိုပါတယ်။ ပေးထားတဲ့ ထဲမှာ iourc.txtဆိုတာလေး ပါပါတယ်။ အဲ့ကောင်ကိုBrowse လုပ်လိုက်ပါတယ်။  ခုဘေးမှာ ပြတဲ့ ပုံအတိုင်းရ ပါလိမ့်မယ်။


အဲ့နောက် GNS3 VM မှာ okayကို enterခေါက်လိုက်ရင်  Menuလေးကျ လာပါလိမ့်မယ်။

Shellကို ရွေးလိုက်ပါ။ Terminalတစ်ခု ကျလာပါလိမ့်မယ်။


>> sudo hostnamectl set-hostname gns3-iouvm
လို့ နာမည်ပြောင်းပေးလိုက်ပြီး Bash ကို ရိုက်လိုက်ပါ။ အဲ့တာဆို ရပါပြီ။


ခုဆိုရင်တော့GNS3 ကို GNS3 VM နဲ့ တွဲသုံးပြီးIOUတွေနဲ့ ကောင်းကောင်း LAB လုပ်နိုင်ပါပြီး


နောက်ထပ် Additional  အနေနဲ့  လိုအပ်တာတွေကတော့ Ubuntu Docker image နဲ့ Python ပါ။ အဲ့ကောင်တွေကို ဒေါင်းမယ်ဆိုရင်တော့.


အဲကနေ ရှာလိုက်လို့ရပါတယ်။  GNS3 စမ်းဖို့ Contributeလုပ် ပေးထားတဲ့ သူတွေ အများကြီးပါ။

GNS3 VM မသုံးဘဲ  local OS မှာ Docker  supportရ ချင်ရင်တော့ GNS3 official doc ထဲက အတိုင်းပေါ့။

If_you_want_Docker_support

Remove any old versions:
sudo apt-get remove docker docker-engine docker.io

Install these packages, if not already present:
sudo apt-get install \
   apt-transport-https \
   ca-certificates \
   curl \
   software-properties-common
Import the official Docker GPG key:
curl -fsSL https://download.docker.com/linux/ubuntu/gpg | sudo apt-key add -
Setup the Docker repo:
sudo add-apt-repository \
  "deb [arch=amd64] https://download.docker.com/linux/ubuntu \
  $(lsb_release -cs) \
  stable"
*NOTE* There currently isn’t a package for Ubuntu 18.04 in the stable release channel, but there is in the edge channel.
Update the metadata:
sudo apt-get update
Install Docker:
sudo apt-get install docker-ce
Finally, add your user to the docker group, and restart your user session
sudo usermod -a -G docker username
NOTE_1 If you encounter any permission errors when trying to run GNS3, DynaMIPS devices, Wireshark, or Qemu VMs, ensure your user belongs to the following groups:

ubridge libvirt kvm wireshark

GNS3 VM နဲ့  သုံးကျမယ့်သူတွေကတော့ အပေါ်က ပြသနာမရှိဘူးပေါ့.. ကဲ အဲ့တာဆို gns3 appliance လေးတွေကို ဒေါင်းလိုက်ပါ။
*.gns3a နဲ့ အဆုံးသတ်ပါလိမ့်မယ်။

GNS3 menu ရဲ့ File >> Import Appliances ကို ရွေးလိုက်ပါ။


ကိုယ်သွင်းမယ့်ကောင်ကို ယူလိုက်ပါ။

Next Next okay finished ပါပဲ။


Docker သွင်းလိုက်တာပဲ ရှိပါသေးတယ်.. Container ကို pull မလုပ်ရသေးပါဘူး.. ကိုယ်သွင်းထားတဲ့ ကောင်ကို topology workspaceမှာ Drug&Drop လုပ်လိုက်မှာ သွင်းသွားတာပါ။


Pythonအတွက်လဲ Ubuntu နဲ့ အတူတူပါပဲ။




အကုန်သွင်းပြီးသွားရင် ကိုယ်စမ်းချင်တဲ့ deviceကို right click ထောက်ပြီိး run လိုက်ပါ အဲ့နောက် right click ပြန်ထောက်ပြီး console ကနေ connectလုပ်ပါ။ အဲ့တာဆို ရပါပြီး။

ခုအောက်က ကောင်ကvideo linkပါ..





All about GNS3 and its way with Linux (version - 1) Myanmar Version
By
Khant Phyo
Core Network Team Leader
Ericsson Myanmar Co,.ltd

Comments