Huawei Certified Network Associate - Lab Book (Myanmar Version) Part 1

  1. Introduction

ခု ရေးမယ် အကြောင်းကတော့ CCNA လို certificate တစ်ခုဖြစ်တဲ့ Huawei ရဲ့  HCNA ကို စိတ်ဝင်စားတဲ့ သူတွေ အတွက် ပြုစုထားတဲ့ LAB book ပါ။

Short Note အနေနဲ့ ရေးသားထားတာ ဖြစ်လို့.. Lab တွေ အများကြီးမထည့်ထားပါဘူး.. ပြီးတော့ နောက်တစ်ခု သိစေချင်တာက Theory သိရင် vendor (Cisco, Mikrotik, Huawei,.etc) မတူလဲ.. Command နဲ့ nature ကိုနားလည်ရင် အဆင်ပြေတယ် ဆိုတာကို ခုမှ Network filed ထဲ စ၀င်မယ့်.. Certificate ရှိပြီး.. ခုအလုပ်စလုပ်မယ့် ညီ/ညီမတွေ အတွက် ရည်ရွယ်ပါတယ်။  Happy New Year 2019!! to you all ;-)

တို့တွေ Laptop/Desktop/Server တွေမှာဆို OS (Operating System) အနေနဲ့  Windows 7, 8, 8.1, window server 2012,.etc & ubuntu, CentOS, SUSE စတာတွေကို တွေ့မြင်နိုင်သလိုပဲ..  Cisco ရဲ့ Router နဲ့  switch တွေမှာဆို IOS (Internetwork Operating System) ဆိုတာရှိပါတယ်။ ပြောရရင် Hardware ဖြစ်တဲ့ Router & Switch (devices) တွေကို အလုပ်လုပ်ဆောင်စေဖို့ IOS ကို သုံးပါတယ်။ Desktop (hardware) မှာ ဆို window ကိုသုံးပြီး run နေသလိုပေါ့ဗျာ့ ။ အရင်တုန်းက Cisco switch တွေမှာဆို CatOS (Catalyst Operating System) ကို တွေ့နိုင်ပါတယ်။ ခု packet tracer ပေါ်မှာ router တစ်လုံးယူပြီး run လိုက်မယ် ဆိုပါစို့ ။ CLI (Command Line Interface) မှာ ရိုက်မယ့်
Router>enable
Router#configure terminal
Enter configuration commands, one per line. End with CNTL/Z.
Router(config)#
အဲ့ command တွေသည့် cisco ရဲ့ device တွေမှာသာ support ပေးတာပါ။ enable ရိုက်လိုက်ရင် enable mode ထဲ ကို ရောက်မယ်။ configure termianl ရိုက်ရင် global config mode ကို ရောက်မယ် ဆိုတာသည် Cisco မှာပဲ ရိုက်လို့ရမယ်။ linux က command တွေ window မှာ ဆို အလုပ်မလုပ်သလိုပါပဲ။

ကျွန်တော်တို့တွေ Network device တွေမှာဆို သူ့ကိုယ်ပိုင် Brand နဲ့ FirmWare(Operating System) တွေရှိကျပါတယ်။
  • Ericsson က router တွေမှာဆို IPOS ကိုသုံးပါတယ်။
  • FortiOS ကိုတော့ Fortigates device တွေမှာ အသုံးပြုပါတယ်။
  • Alcatel-Lucent အတွက်ကိုတော့ TiMOS  ကိုသုံးပါတယ်။
  • RouterOS ကိုသုံးပြီးတော့ PC or MikroTik device တွေကို dedicated router အနေနဲ့  အသုံးပြုပါတယ်။
  • ZyNOS, ဆိုတဲ့ကောင်ကိုတော့ ZyXEL ကထုတ်တဲ့ Network Devices တွေမှာ သုံးပါတယ်။
  • ExtremeXOS (EXOS) ကိုတော့ Extreme Networks ကနေထုတ်တဲ့ Network Devices တွေ အတွက် အသုံးပြုပါတယ်။

  1. VRP

တစ်ခုစိတ်ထဲမှာ မှတ်ထားဦးနော်.. Cisco မှာဆို router/switch စတဲ့ hardware တွေကို Manage(Config) လုပ်နိုင်ဖို့ IOS လို OS (Operating System) တစ်ခု ရှိရပါတယ်။ OS ကြီးသာရှိမနေရင် အဲ့ကောင်သည် hardware သက်သက်ပဲ.. အဲ့လိုပဲ Huawei မှာလဲ သူ့ ကိုယ်ပိုင် Network Operating System ရှိပါတယ်။ VRP (Versatile Routing Platform) လို့ခေါ်ပါတယ်။ သူ့(VRP) မှာလဲ command nature ရှိပါတယ်။ cisco command တွေသိထားရင် Huawei command တွေကို လေ့လာရာမှာ အဆင်ပြေပါတယ်။ အောက်ကို ဆက်ဖတ်ကြည့်ရင် Command တွေကို keyword လေးတွေ လောက် ကွဲတာကို တွေ့ ရမှာပါ။ ဥပမာပြောရရင် cisco မှာ no shutdown/shutdown ဆိုရင် Huawei မှာက undo shutdown/shutdown ပါ။


    ခုပုံကတော့ VRP ရဲ့  ထွက်ခဲ့သမျှ version တွေနဲ့  သူတို့ရဲ့ Feature တွေပါ။ ခုလက်ရှိမှာ တွေ့ နိုင် မြင်နိုင်တာကတော့ VRP5.X နဲ့  VRP8.X ပါ။ VRP ရဲ့  command line တွေဟာဆိုရင် character string တွေပါပဲ။ Command line တစ်ခုမှာ keywords နဲ့  Parameters တွေ ပါပါမယ်။ ဥပမာ အနေနဲ့  ပြောရရင်.. ping 192.168.1.1 မှာဆို.. keyword ဆိုတာသည် ping ဖြစ်ပြီး 192.168.1.1 သည် user-specified parameter တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ syntax သည်
>> ping ip-address ဖြစ်ပါတယ်။

  1. VRP Basic Concept

ခု VRP မှာ mode လေးတွေရှိတယ်။ device ကို Login ၀င်လိုက်ရင် မြင်ရမှာက CLI
(command Line Interface) ပေါ့.. CLI မှာ စ၀င် ၀င် ချင် မြင်ရမှာက User View ပါ (huawei မှာက view လို့ သုံးပါတယ် mode လို့ မသုံးပါဘူး) အဲကနေမှ config တွေ ဘာညာ လုပ်ချင်ရင် system-view ဆိုတာကို သွားရပါတယ်။ ပြီးတော့ interface နဲ့ ပါတ်သက်တာတွေ paremeters တွေ server တွေ config လုပ်ဖို့ အတွက် interface view ဆိုတာရှိပါတယ်။ ခု အဲ့ view သုံးခု သိရင် လုံလောက်ပါတယ်။

    နောက်တစ်ခု သိရမှာက login ၀င်တဲ့ user level တွေပါ။

User Level
Command Level
Description
0 (visit level)
0
Network diagnostics လုပ်ဖို့ (eg,. ping and tracert) အတွက်
နဲ့  remote login ( telnet, SSH) အတွက်ပါ
1 (monitoring level)
0, 1
System maintenance အတွက်ပါ။ အဓိက ကတော့ display command တွေပါပဲ
2 (configuration level)
0, 1, 2
Service configuration တွေ အတွက်ပါ။ ဥပမာ.. routing command တွေပေါ့
3 (Management level)
0, 1, 2, 3
ှSystem Operating ကို controll လုပ်ဖို့ အတွက်ပါ။ ပြောရရင် Management Level ပေါ့
FTP download, user management, file systems, command level setting, fault diagnostics
စတာတွေ အတွက်ပါ။
4 to 15
0, 1, 2, 3
User Level 3 နဲ့ အတူတူပါပဲ

ကဲ ရှင်းတာတွေ များရင် ရှုတ်သွားတက်တယ်.. စလေ့လာကြည့်ကျရအောင်ဗျာ ။။ ပထမဆုံး အောင်ကမှာ ပေးထားတဲ့ လင့်ကနေတစ်ဆင့် Download လုပ်ပါ။ တစ်ခုသည် eNSP (Enterprise Network Simulation Platform) ဆိုတဲ့ software ဖြစ်ပြီး နောက်တစ်ခုကတော့ HCNA (Huawei Certified Network Associate) study guide ပါ။ ကိုယ်ဖာသာ မူရင်းစာအုပ်ကို ဖတ်တာက နောင်ကျရင် ပိုပြီးတော့အကျိုးများပါတယ်။

Download Link >>   

eNSP            >> http://www.networklab.in/downloads/

အပေါ်က လင့်ကနေ ပြီးတော့ ဒေါင်းနိုင်သလို huawei official website ကနေ တစ်ဆင့်လဲ ဒေါင်းလို့ ရပါတယ်။     



    eNSP ကတော့ Cisco Packet Tracer လိုမျိုးပါပဲ.. Huawei device တွေကို lab စမ်းချင်ရင် အတိုင်းအတာ တစ်ခုထိ စမ်းလို့ရပါတယ်။ install လုပ်မယ်ဆို မခက်ပါဘူး.. Click, click, okay ပေးသွားယုံပါပဲ။


သတိထားရမှာ တစ်ခုက window 7 စက်မှာဆို 96% လောက်ထိ အဆင်ပြေပါတယ် ။ error တက်ခဲပါတယ်။ ပြီးတော့ wincap တွေ wireshark တွေ virtual box တွေကို သူ့မှာ ပါတဲ့ version အတိုင်းသွင်းပါ။ version မကိုက်ရင် error တတ်တက်ပါတယ်။

   
    သွင်းပြီးသွားရင် eNSP ကိုဖွင့်ကြည့်မယ်ဆို အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မယ်။ သူ့ ရဲ့  အပေါ်ဘက် ဘယ်ဘက်နားမှာ အပေါင်းပုံလေးနဲ့  new topo ဆိုတာရှိပါတယ် အဲ့တာကို လိုက်ရင် ကိုယ့်ဖာသာ topology တည်ဆောက်ပြီး lab တွေ စမ်းလို့ရပါပြီ။ Packet Tracer သုံးနေကျ သူတွေ အတွက်တော့ အခက်အခဲ ရှိမယ် မထင်ပါဘူး.။ စမ်းသုံးကြည့်ပါ။





ဘယ်ဘက်ဘေးကို ကြည့်မယ် ဆိုရင် Route, switch စတာတွေ အပြင် End devices တွေကို တွေ့ရမှာပါ။

ပြီးတော့ အနီ ရောင် အုတ်နံရံ ပုံလေးကတော့ သိကျတဲ့အတိုင်း ပါပဲ firewall ပေါ့ ပြီးတော့ wireless device တွေ wifi ပုံနဲ့  ပြထားတဲ့ ပုံပါ။

လျှပ်စစ်ပုံ လေးကတော့  သိကျတဲ့ အတိုင်းပဲ connection တွေကိုပေါ့။ cisco packet tracer နဲ့ သဘော တရားတူပါတယ်။ စမ်းကြည့်လိုက် ရင် သဘောပေါက်သွားမှာပါ။  ;-)



အဲ့ဆို Lab လေးတစ်ခု လောက် စမ်းကြည့်ရအောင်.. Router list ထဲက က router ရယ် AR201 router, ပြီးတော့ switch တွေထဲက S3700 နဲ့  S5700 တွေကို ယူပြီး စီလိုက်ပါ။
အဲ့နောက် အောက်ပုံ အတိုင်း ဆက်လိုက်ပါ။  device တစ်ခုချင်းဆီကို right click ထောက်ပြီး start (power on) လို့ရသလို play ပုံ အစိမ်းရောင် မြှားလေးကို နှိပ်ပြီးလဲ run လို့ရပါတယ်။

အဲ့နောက် device ကို right click နှိပ်လိုက်ပြီး CLI (left click) ကို ထပ်နှိပ်လိုက်ပါ။ ဒါမှမဟုတ် အမဲရောက် box ထဲက အဖြူရောင် မြှားလေး ထွက်နေတဲ့ ပုံလေး (open all terminal) ကို နှိပ်လိုက်ရင်လဲ ရပါတယ်။ အဲ့တာဆိုရင် Device ရဲ့ terminal (Command Line Terminal) ကို ရောက်သွားပါလိမ့်မယ်။


အိုကေ.. ခုမြင်နေရတဲ့ <Huawei>  လေးကို User View လိုခေါ်ပါတယ်။ သူ့က cisco မှာ ဆို enable mode နဲ့ ဆင်ပါတယ်။ ? ခေါ်ပြီး ကြည့်ကြည့်ပါ။ သူကလဲ tab ခုန်တာ ? ကြည့်တာ စတာတွေ အကုန် ရပါတယ်။


နောက်တစ်ခုကတော့ System View ပါ။ [Huawei]  သူကတော့ Cisco IOS မှာ ဆို Global configuration Mode နဲ့ အလားတူပါတယ်။ Config ချတာတွေ route process run တာတွေ စတဲ့ parameters တွေကို ပြင်ဆင်လို့ရပါတယ်။

ပြီးတော့ interface view .. [Huawei-Ethernet0/0/4] ဒီကောင်ကတော့ Cisco မှာဆို interface mode ပေါ့ဗျာ့ ။


ကိုယ် ၀င်နေတဲ့ view ကနေ ပြန် ထွက်ချင်ရင် quit ပါ။ တစ်ကယ်လို့  user view အထိ တစ်ခါတည်း တန်းထွက်မယ်ဆိုရင်တော့ return ပါ။ ကဲ အဲ့တာဆို ခုပြောခဲ့တဲ့  mode သုံးမျိုးကို ပြန် ဖတ်ရင်းနဲ့  eNSP မှာ စမ်းကြည့်ပါ။

    ခုအောက်မှာ ပြထားတဲ့ sheet ကတော့ cisco နဲ့  huawei ရဲ့  တစ်ချို့  command တွေကို နှိုင်းယှဉ် ပြသပေးထားတာပါ။

Cisco Command
Huawei Command
Configure Terminal
system-view
hostname
sysname
enable
super [ 0 or 1 or 2 or 3 ] not really the same
disable
super 0
end
return
erase
delete
exit
quit
interface { interface-type interface-number | interface-name }
interface { interface-type interface-number | interface-name }
no interface
undo interface
no shutdown
undo shutdown
show history-command
display history-command
clock set
clock
show version
display version
show running-config
display current-configuration
show startup-config
display saved-configuration
write memory,
save
copy running-config startup-config
save
reload
reboot
disable
super 0
router bgp
bgp
router ospf
ospf
router rip
rip
traceroute
tracert


  1. User Interface Configurations

    ခု ပထမဆုံး Console login တို့ remote login (VTY for Telnet/SSH) တို့အတွက် configuration ချကြည့်ကျရအောင်။



Command (for LSW1)
Explain
system-view
Config ချဖို့ အတွက် System view ကို သွားပါ (cisco ရဲ့  Global configuration
mode နဲ့ အတူတူပါပဲ)
sysname SW1
SW1 လို့ နာမည်ပြောင်းပါ။
user-interface console 0
Console login အတွက် config ချမှာ ဖြစ်လို့.. console interface ကို သွားပါ


authentication-mode password
authentication-mode ဆိုပြီး ? ခေါ်လိုက်ရင် aaa, password နဲ့ none ဆိုပြီး
တွေ့ ရပါမယ်။ aaa authentication လုပ်မလား ပုံမှန် password ပဲ ထားမလား
ဒါမှမဟုတ် authentication မလုပ်ဖူးဆိုရင်တော့ none ကို ရွေးပေးလိုက်ယုံပါပဲ
set authentication password cipher aaa
ခုရွေးခဲ့တာက password mode ဖြစ်လို့.. password ထားပေးလိုက်ယုံပါပဲ..
password ကို simple (plain text) နဲ့ cipher (secret) ဆိုပြီး ရှိပါတယ်။
return
user-view ကို ပြန်သွားပါ


system-view

interface vlanif 1
vlan 1 ရဲ့ interface ကို သွားပါ။
ip address 192.168.1.1 255.255.255.0
IP address ပေးပါ
q



user-interface maximum-vty 15
Default က vty user 5 ယောက် (session 5ခု) စာ အတွက် enable ဖြစ်ပြီးသားပါ
ရှိတာက 0 to 14 (15 ခု) ရှိပါတယ်။ အဲ့တာတွေ အကုန် ကို enable လုပ်ပါ။
user-interface vty 0 14
vty interface 0 to 14 ထိ ကို ၀င်လိုက်ပါ။ (cisco မှာ ဆို line vty ပေါ့)
user privilege level 2
user ရဲ့  privilege level ကို 2 အထိပဲ ပေးပါ။ (for all vty 0 to 14)
authentication-mode aaa
console အတွက်က password mode ကို သုံးခဲ့တယ် ဆိုတော့ vty ကိုကျ
aaa ကို သုံးပြီး စမ်းကြည့်ပါ။
quit
interface view ကနေ့ အရင်ရှေ့ လာခဲ့ တဲ့ system-view ကို ပြန်သွားပါ


aaa
aaa mode ထဲ ၀င်လိုက်ပါ
local-user ccna password cipher cisco
aaa အတွက် local username နဲ့ password သက်မှတ်ပါ
local-user ccna service-type telnet
ccna ဆိုတဲ့ local user အတွက် service type ကို telnet လို့ ထားပါ။ telnet
လို့ထားခဲ့တဲ့ အတွက် telnet နဲ့  ပဲ လှမ်းဝင်လို့ ရမှာပါ။ ဘာမှ မပြောခဲ့ရင်တော့
telnet SSH ကြိုက်တာနဲ့  ၀င်လို့ရပါတယ်။

Router ရဲ့  interface ကို IP ပေးပြီး vlan interface ကို telnetလှမ်း ၀င်ပါ။


ပြီးတော့ PC ကနေ console နဲ့ လှမ်း ၀င်ကြည့်ပါ။


အဲနော့က် switch မှာ display user-interface ခေါ်ကြည့်ပါ။


ဒီနေရာမှာ သိစေချင်တာတွေ ပြောပါ့မယ်။ .. CON 0 နဲ့  VTY 0 မှာဆို ဘေးမှာ + လေးကို တွေ့ရမှာ ပါ။ အဲ့လိုဖြစ်နေတာရဲ့  အဓိပ္ပါယ်က ခုလက်ရှိမှာ active ဖြစ်နေတဲ့ UI တွေလို့ ပြတာပါ။ တစ်နည်း ပြောရရင် Console login တစ်ခု နဲ့  VTY (remote login ) တစ်ခု ရှိနေတယ်လို့ ပြတာပါ။

ပြီးတော့ အဲ့ကောင်တွေ့ ရဲ့  လုပ်ပိုင်ခွင့် အလယ်လောက်မှာ .. privilege Level တွေကို ပြထားပါတယ်။ Authentication မှာဆို A ဆိုတာက  aaa (Authentication Authorization Accounting) နဲ့  auth လုပ်တာပါ။ P ဆိုတာက သက်မှတ်ခဲ့တဲ့  password နဲ့  auth လုပ်တာပါ။ N ကတော့ သိတဲ့အတိုင်း none ပေါ့။

  1. Create Users with Different Privilege Level

Create Users with Different Privilege Level
system-view
aaa
local-user ccna password cipher C!&c0
local-user ccnp password cipher Sp@(3X
local-user ccie password cipher (cN@
local-user ccna privilege level 1
local-user ccnp privilege level 2
local-user ccie privilege level 3
local-user ccna service-type telnet

    အပေါ်က topology က Switch ကိုပဲ user တွေ ထပ် create လုပ်ပါ။ ပြီးတော့ user တွေကို သူတို့  သက်ဆိုင်ရာ Level တွေ သက်မှတ်ပါ။ Router ကနေ Switch ထဲ ကို login ၀င်ပြီးတိုင်း ? ခေါက်ကြည့်ပါ။ ကိုယ် run လို့ ရတဲ့ commad တွေသည် level ပေါ်လိုက်ပြီး မတူတာကို တွေ့ရမှာပါ။ ပြီးတော့ တစ်ကောင့် ၀င်တိုင်း တစ်ခါ <SW1>display user-interface  နဲ့ ကြည့်ကြည့်ပါ။ ;-)



Comments