Huawei Certified Network Associate - Lab Book (Myanmar Version) Part 2



  1. Port Security (Sticky & Dynamic)


ခုပြောမှာကတော့ Port Security အကြောင်းပါ။ ခု အရင်ဆုံးစပြောမှာကတော့ …
  1. Dynamic
  2. Sticky
အကြောင်းပဲ ဖြစ်ပါတယ်။ အဲ့နောက်မှတော့ Static အကြောင်းဆက် ပြောသွားပါမယ်။

“Port Security” သူကတော့  interface port တွေကို ဘယ်သူ့ computer တပ်တပ် သုံးလို့ရနေတာထက်
security အတွက် limit လေးတစ်ခုထားလိုက်တာပါ။ ပြီးတော့ MAC flooding attack မဖြစ်အောင်
ကာကွယ်ဖို့အတွက် သုံးသင့်ပါတယ်။


ခု အပေါ်က ပုံမှာ ဆို အပိုင်းနှစ်ပိုင်းပါ ပါတယ်။ ညာဘက်က LSW1ရဲ့ interface GE0/0/0/2 နဲ့
ချိတ်နေတဲ့ အစိမ်းရောင် ဘက်ခြမ်း ကို sticky အနေနဲ့ config ချပါမယ်။


ပြီးတော့ LSW1 ရဲ့  interface GE0/0/1 (ဘယ်ဘက်ခြမ်း အပြာရောင်) ကိုတော့ Dynamic အနေနဲ့ 
configuration လုပ်ပါ့မယ်။


ကဲ တစ်ဆင့်ချင်းဆီ သွားလိုက်ရအောင် ဗျာ ။။ ပထမဆုံးအနေနဲ့ LSW 1 interface GE0/0/2
(အစိမ်းရောင် အကွက် / ညာဘက်ခြမ်း ) ကို အရင် config ချပါမယ်။


LSW1
Dynamic
Sticky
Description
system-view
system-view
System view ကိုသွားပါ။
interface g 0/0/1
interface g 0/0/2
interface view ကိုသွားပါ
port-security enable
port-security enable
Port Security ကို on ပါ။ default က disable ပါ။

port-security mac-address sticky
Port Security enable လုပ်ပြီးမှ Sticky ကို config ချပါ။
Sticky ကို enable မလုပ်ခဲ့ ရင် Dynamic အနေနဲ့ ရှိနေမှာပါ
port-security max-mac-num 2
port-security max-mac-num 2
အများဆုံးလက်ခံမယ် Maximum MAC address အရေအတွက် သက်မှတ်ပါ။
Default က 1 ပါ။
port-security protect-action protect
port-security protect-action protect
protect လုပ်မယ့် Mode သတ်မှတ်ပါ။ restrict, protect and shutdown
ဆိုပြီး ရှိပါတယ်။ default က restrict ပါ
port-security aging-time 2
port-security aging-time 2
Aged out ဖြစ်မယ့်  အချိန် သတ်မှတ်ပါ။ default အတိုင်းဆို age မရှိပါဘူး။


port -security သည် သူ့ကို config ချထားတဲ့ ၀င်တဲ့ ကောင်ရဲ့ source MAC-address ကို learning/check
လုပ်တဲ့အတွက် traffic တွေ create လုပ်ဖို့အတွက်.. PC တွေမှာ IP ပေးပြီး Ping ကြည့်ပါ။ အဲ့နောက်..
Display mac-address security  နဲ့ ပြန် ကြည့်ကြည့်ပါ။ (display mac-address sticky)




နောက် တစ်မျိုးကတော့ Port Security Static ပါ။ သူကတော့ dynamically Learn လုပ်တာမလိုချင်တဲ့
အချိန်အခါ မျိုးမှာ သုံးပါတယ်။ အထူးသဖြင့် server ဘက်ခြမ်းမှာ security point of view အရ static
MAC address ကို configure ချသင့်ပါတယ်။ eNSP မှာက ကျွန်တော့် မှာရှိနေတဲ့ version မှာတော့ စမ်းလို့
မရပါဘူး.. ရတဲ့ version တွေ့ရင်လဲ လက်တို့ ကျပါဦး…
ခုတော့ config ကို ရှင်းပြထားပါ့မယ်။


  1. Port Security (static)


Static Secure MAC Address
Syntax
Command
Description
system-view
system-view
system view ကိုသွားပါ
interface interface-type interface-number
interface giga 0/0/1
အဲ့ကနေမှ interface view ကိုသွာပါ။ port security သည် inferface မှာ config လုပ်ရမှာမို့ပါ
port-security enable
port-security enable
Port security ကို enable လုပ်ပါ
port-security max-mac-num max-number
port-security max-mac 1
အဲ့များဆုံး ခွင့်ပြုမယ့် MAC Address အရေအတွက် သတ်မှတ်ပါ
port-security mac-address mac-address vlan vlan-id
port-security mac-address 54-89-98-75-22-53 vlan 1
MAC address ကို static သက်မှတ်ပါ။ vlan ပါထည့်ရေးပေးလို့ရပါတယ်။ (optional)
port-security protect-action { protect | restrict | shutdown }
port-security protect-action shutdown
static MAC မဟုတ်ရင် shutdown လုပ်ပါ
port-security aging-time time [ type { absolute | inactivity } ]
port-security aging-time 2
Age သတ်မှတ်ပါ


display mac-address sec-config
Display mac-address static ဖြင့် စစ်ကြည့်ပါ။


ဒီနေရာမှာ တစ်ခုပြောချင်တာက
အပေါ်က aging-time command မှာဆို နှစ်မိနစ်လို့. သက်မှတ်လိုက်တာပါ။ default က aging timeသည်
desiable ပါ။ aging time မှာ type နှစ်မျိုးရှိပါတယ်။


Absolute— ခု command အရ သူသည် Secure MAC address ကို specific time (2 min) ရောက်ရင်
ဖယ်ထုတ်(delete) လိုက်မှာပါ။


Inactivity— သည်ကောင်ကတော့ Secure MAC address တစ်ခု idle ဖြစ်တဲ့အချိန် နှစ်မိနစ်ကြာမှ
ဖျက်ပစ်တာပါ။


Cisco မှာ မရဘဲ Huawei မှာ ရတဲ့ command တစ်ခု ရှိတယ်ဗျာ့ .. ဥပမာ interface view အောက်ထဲ ကို
ဝင်ပါ။ ပြီးတော့ display this လို့ ရိုက်ကြည့်လိုက်ပါ။




သူ နဲ့  သက်ဆိုင်တဲ့ config တွေကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ခု လက်ရှိ run နေတဲ့ config တွေကို
ကြည့်ချင်တယ် ဆိုရင် display current-configuration နော်.. Command မေ့နေမှာ ဆိုးလို့။။


  1. Spanning Tree Protocol (STP)


ခု LAB မှာက Spanning-Tree algorithm run ပြီး default အရ root bridge [switch] ဖြစ်သွားတာထက်
ကိုယ့်စိတ်ကြိုက် switch ကို root ဖြစ်ချင်တာမျိုး အတွက်ပါ။ ဘာကြောင့်လဲ ဆိုတော့ root switch
မှာဆို port တွေသည် အကုန် forwarding state တွေပဲ ဖြစ်တဲ့ အတွက် ကြောင့်ပါ။ အကယ် လို့
upper level နဲ့ ချိတ်တဲ့ switch သည် root မဟုတ်ခဲ့လို့ disable state ဖြစ်နေမယ်ဆိုရင်
အဲ့ port မှာ ချိတ်ထားတဲ့ switch သည် direct မသွားနိုင်ပဲ တစ်ခြားကနေ ပါတ်သွားနေရမှာကို
မလိုချင်တာကြောင့်ပါ။


ဘာလို့အဲ့လိုBlock ဖြစ်နေတာလဲ ဆိုတောSTPသည် switch တွေမှာ .. ပြောရရင်  layer 2 devices
တွေမှာ loop မဖြစ်အောင် ကာကွယ်ပေးမယ့် protocolတစ်ခု ဖြစ်ပါတယ်။ layer 2 မှာဟ layer 3
(rouer) လို TTL (Time To Live) value မရှိတဲ့အတွက်.. Broadcast strom ဖြစ်နိုင်ချေ အရမ်းများပါတယ်
STP သာမရှိ ခဲ့ဘူးဆိုရင်ပေါ။
ခု STP protocolကြောင့်  switchတွေသည်power onပြီ ဆိုတာနဲ့ BPDU Hello (priority+MAC)
တွေပို့ပြီး တစ်ခု နဲ့ တစ်ခု ကိုယ့်ကိုယ်ကို root switchj ဖြစ်ပါတယ်ပြောရင် infoတွေ ဖလှယ်ပြီး
နောက်ဆုံး lowest BID နဲ့ ကောင်ကို root switchရွေး .. ပြီးတော့ Designate  portတွေ Root
portတွေ သတ်မှတ်.. Segment တိုင်းကို designate portတစ်ခု ရှိကို ရှိပြီးရင် ကျန်တာကို block
portလုပ် ပြီး Loop Free ဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။


STP ရဲ့ အလုပ် လုပ်ပုံလေး တစ်ချက်ပြောကြည့်ရင်း Huawei ရဲ့ အခေါ်အဝေါ်လေးတွေ လိုက်ကြည့်ရအောင်
။ STP မှာဆို switch တွေသည် သူတို့ဆီကို ၀င်လာတဲ့ info (BID, PID, cost) တွေကို ကြည့်
calculate လုပ်ပြီး RP, DP, AP တွေသတ်မှတ်တာပါ။


  1. Network ထဲမှာ ရှိနေတဲ့ switch တွေထဲ ကနေ Root Bridge (Switch) ကို ရွေးချယ်ပါ။
တစ်ခုမှတ် ထားမှာက switch တွေသည် power on စစချင်းမှာ ဆို သူတို့ ကို သူတို့ root switch လို့
ထင်ကျပါပဲ။ ဘယ်လို့ ရွေးလဲဆိုတော့ BPDU ( Bridge Protocol Data Unit) Hello တွေကို စစချင်
း ပို့လွတ်ပါတယ်။ အဲ့မှာ အဓိက ဘာပါလဲ ဆိုတော့ BID (Bridge Identifier) ပါပါတယ်။
BID = Priority + MAC ပါ။ Lowest BID က win ဖြစ်ပြီး Root Bridge ဖြစ်လာပါတယ်။


  1. Root switch ကိုရွေးပြီးသွားရင် Root port ရွေးရပါမယ်။ non-Root Switch တွေကနေ Root
switch ကို သွားမယ် Port ပါ(One RP/per Non-Root Switch)။ Root switch ကို သွားတဲ့  အတိုဆုံး
လမ်းကြောင်း (Root Path Cost) ရှိတဲ့ port့ ကို root port (RP) အနေနဲ့  ရွေးပါတယ်။ အကယ်လို့
RPC တန်းဖိုး တူနေရင် …
သူနဲ့ ချိတ်ဆက်ထားတဲ့ upstring switch ရဲ့  BID ကို ကြည့်ပါတယ်။ BID ငယ်တဲ့ကောင် ကို
ချိတ်ထားတဲ့ port ကို RP အနေနဲ့  ရွေးပါတယ်။ အကယ်လို့ BID ပါ တူနေရင်…
သူနဲ့ ချိတ်ဆက်ထားတဲ့ upstring switch ရဲ့ PID (Port Identifier) ကို နှိုင်းယှဉ်ပါတယ်။ PID
ငယ်တဲ့ ကောင်က win ဖြစ်ပြီး RP အနေနဲ့ ရှိနေပါမယ်။
  1. နောက်တစ်ခါ DP (Designated Port) ကို သတ်မှတ်ပေးရမှာပါ။ အရင်ဆုံး Root Bridge/switch
မှာ ရှိနေတဲ့ port အားလုံးကို DP လို့ သတ်မှတ်ပါ။ အဲ့နောက် segment တိုင်းမှာ DP တစ်ခု (DP/segment)
ရွေးချယ်ပေးပါ။ ကိုယ့်device ကနေ Root ကိုသွားမယ့် Root Path Cost အငယ်ဆုံး (highest Bandwidth)
ရှိတဲ့ ဘက်ခြမ်းက Port ကို DP အနေနဲ့  သတ်မှတ်ပါ။ အကယ်လို့ RPC တူနေရင် BID နဲ့  ယှဉ်ပြီး ရွေးပါ..
Lowest BID က အနိုင်ရပြီး DP ဖြစ်မှာပါ။ BID ပါ တူနေရင် PID နဲ့ ထပ်ပြီး စစ်ပါ။ PID အငယ်ဆုံးကောင်ကို
Designated Port အနေနဲ့ သတ်မှတ်ရမှာပါ။
ကျန်နေတဲ့ port တွေကို alternate port (AP) / blocking port အနေနဲ့ ထားပါ။


ပိုပြီှးရှင်းသွားအောင် အောက်ကပုံလေးကို ကြည့်ပါ။




ခု STP မှာဆို BID သည် Priority နဲ့ MAC ပေါင်းထားတာလို့ ပြောခဲ့တယ်နော်။ အဲ့ MAC ကို Huawei
device တွေမှာ ဘယ်ကယူ လဲဆိုတော့ port တွေတိုင်းမှာ MAC address တွေရှိပါတယ်။
အဲ့ကောင်တွေထဲကမှ အငယ်ဆုံး port number ရဲ့ MAC ကို ယူပြီး Bridge/switch ရဲ့ MAC အနေနဲ့ 
ကိုယ်စားပြုပါတယ်။


STP LAB လေး စလိုက် ကျရအောင်ဗျာ ..




  1. အရင်ဆုံး ဘယ် switch သည် root bridge ဆိုတာကို BPDU အပြန်အလှန်ပို့ပြီး ရွေးပါတယ်။
Root Bridge ဆိုရင် BID (Priority + MAC) အငယ်ဆုံး ဘယ်ကောင်လဲ ရှာကြည့်ပါ။ Default Priority
တွေ တူတာဖြစ်လို့ MAC တွေကို ယှဉ်ကြည့်ပါ။ LSW1 မှာ ရှိတဲ့ 32768.4c1f-cc00-7091 သည်
အငယ်ဆုံးဖြစ်လို့. သူသည် root bridge ဖြစ်ပါတယ်။ Display stp နဲ့  စစ်ကြည့်ပါ
LSW1 မှာဆို CIST Bridge (Common and internal spanning tree (CIST) bridge ID) နဲ
CIST Root/ERPC (External path from the switch to the CIST root switch)
မှာဆို အတူတူ ပြနေကို တွေ့ ရပါမယ်။ CIST Bridge သည် ကိုယ်ခု လက်ရှိ ကြည့်နေတဲ့ device ရဲ့ BID
ကို ပြတာဖြစ်ပါတယ်။ CIST Root/ERPC ကတော့ ခုလက်ရှိ ရွေးချယ်ခံထားရတဲ့ Root Bridge ရဲ့ BID
ကို ဖော်ပြပေးထားတာပါ။ / နောက်က 0 ကတော့ cost ကို ပြပေးထားတာပါ။ ခု ကြည့်တဲ့ switch သည်
Root ဖြစ်နေတာမို့ အဲ့လို တူနေတာပါ။
LSW 2 ကနေ တစ်ချက်ကြည့် ကြည့်ရအောင်။


ခု Switch 2မှာဆို CIST Bridge ရဲ့  32768.4c1f-cca8-01c5  ဆိုတာသည် Local Switch ရဲ့ BID
ကို ဖော်ပြတာဖြစ်ပြီးတော့ CIST Root/ERPC  : 32768.4c1f-cc00-7091 / 200000 ကတော့ Root

Switch (LSW1) ရဲ့  BID ကို ဖော်ပြပေးထားတာပါ။
  1. ခု Root ကို သိပြီဆိုတော့ Non-Root Switch တွေကနေ Root switch ကိုသွားဖို့ (up link) RP ကိုေ
ရွးပါ။ Root Port သည် Non-Root Switch တစ်ခုစီတိုင်း အတွက် 1 port ရှိရပါမယ်။ ရွေးမယ်ဆိုရင်
အရင်ဆုံး RCP ကို နှိုင်းယှဉ်ပါ။ အကုန် Ethernet ကြိုးတွေပဲ ဖြစ်လို့ segment တစ်ခုချင်းဆီ တန်ဖိုးက
အတူတူပါပဲ။ သူ့ actual တန်ဖိုးက များနေတော့ ဂဏန်းပေါင်းရ ခက်နေရင် တစ်လင့်ကို cost 20 အနေနဲ့ 
ယူလိုက်ပါ။
LSW2 မှာဆို Eth0/0/1 နဲ့ Eth0/0/2 ဆိုတဲ့ port နှစ်ခုရှိပါတယ်။ Eth0/0/1 ကနေ Root ထိဆို
Ethernet Segment တစ်ခုပဲ ရှိလို့ cost က 20 ပေါ့။


Eth0/0/2 ကနေ root ထိ ဆို Switch တစ်လုံးခံနေပြီး Segment 2 ခုရှိလို့. 20+20=40 ပေါ့။
lowest cost ဖြစ်တဲ့ Port ကို ရွေးတော့ Eth0/0/1 သည် RP ဖြစ်သွားပါတယ်။ display stp brief နဲ့ 
စစ်ကြည့်လို့ရပါတယ်။




အိုကေ အဲ့တာဆို SW3 အတွက် RP တစ်ရွေးပေးကြည့်ရအောင်.. သူမှာ Port က 4 ခုရှိပါတယ်။
Root ကိုသွားနိုင်တာက Eth0/0/2 နဲ့ Eth0/0/1 ကပဲ သွားနိုင်တာပါ။ RPC တွေအရင်
နှိုင်ယှဉ်ကြည့်ပါ။


Eth0/0/2 ကနေသွား Root ကိုသွားရင် Cost သည် 20 + 20 မို့  40 ပါ။


Eth0/0/1 ကနေဆိုရင် Root ကို ရောက်ဖို့  cost (Root Path Cost) သည် 20 ပဲ ရှိတာမို့  Root Port
အနေနဲ့ ရွေးချယ်ပါတယ်။


ဟုတ်ပြီး ခု LSW4 အတွက် RP ရွေးကျဆို့ ။ သူ့မှာကျ Eth0/0/1 နဲ့ Eth0/0/2 ဆိုပြီး port နှစ်ခု
ရှိတယ်။ နှစ်လုံးသည် LSW3ကို Parallal ချိတ်ထားတာမို့လို့ RPC (root path cost) သည်
တူညီနေပါတယ် ( Root ကိုသွားဖို့ ရာ လမ်းသည် LSW3 ကနေ တစ်ဆင့်သွားဖို့ တစ်လမ်းပဲ
ရှိပါတယ်) ။ RCP တူရင် BID (Bridge Identifier) ကိုစစ်ပါ။ Eth0/0/1 ကော Eth0/0/2
ကော port နှစ်ခုလုံးသည် LSW3 ကို အပြိုင်ချိတ်ထားတာ မို့ လို့  BID ကလဲ တူနေပြန်ရော..


အဲ့တော့ PID(Port Identifier = Port-Priority + Port-number) ကို ယှဉ်ကြည့်ပါ။ default
port priority သည် 128 ဖြစ်ပါတယ်။ အကုန် default priority အတူတူပဲ မို့  Port number
ကို နှိုင်ယှဉ်ပါ။
LSW4ရဲ့  eth0/0/1 သည် LSW3 ရဲ့ Eth0/0/11 ( 128.11) နဲ့ ချိတ် ထားတာ ဖြစ်ပြီး




LSW4 ရဲ့ Eth0/0/2 သည် LSW3 ရဲ့ Eth0/0/10 ( 128.10) နဲ့ ချိတ် ထားတာ ဖြစ်ပါတယ်။
port number 10 ကပိုငယ်တာမို့ Eth0/0/10 နဲ့ ချိတ် ထားတဲ့ LSW4 ရဲ့  Eth0/0/2 ကို RP
အနေနဲ့  သတ်မှတ်ပါတယ်။


  1. ခု RP တွေ ရွေးပြီး ပြီ ဆိုတော့ Designated Port ရွေးကျစို့ ။ ပထမဆုံး Root switch မှာ ရှိတဲ့ 
port တွေကို DP အနေနဲ့ သတ်မှတ်ပါ။


ပြီးတော့ DP မရှိသေးတဲ့ Segment တိုင်းကို DP ရွေးပေးရပါမယ်။ ခုဒီမှာ ဆို DP မရှိသေးတဲ့ Segment
သုံးခု ရှိပါတယ်။


အရင်ဆုံး LSW2 နဲ့  LSW3 ကြားက Segment ကို ကြည့်ပါမယ်။ LSW2 ကနေ Root ကြား အကွာ
အဝေး cost သည် 20 ပါ။ ထို့ အတူ LSW3 ကနေ Root ကိုသွားရမယ့် cost သည်လဲ 20ပါပဲ။ ဆိုတော့
RPC တူနေတဲ့ အတွက် BID ချင်း နှိုင်းယှဉ်ပါ။ LSW3 ရဲ့ BID သည် LSW4 ထက် ငယ်တာမို့ LSW3 ရဲ့ 
Eth0/0/2 သည် Desgnated port ပါ။


LSW3 နဲ့ LSW 4 ကြားက လင့်(segment)နှစ်ခု ကို DP တစ်ခုဆီ ရွေးပေးကျစို့ ။ LSW3 ရဲ့ Eth0/0/10
နဲ့ LSW4 ရဲ့ Eth0/0/2 ရှိတဲ့ Segment ကတော့ ရှင်းတယ်။ တစ်port က RP ဖြစ်နေတာဆိုတော့
တစ်ခြားတစ်ဘက် ဖြစ်တဲ့ LSW3 ရဲ့ Eth0/0/10 သည် DP ပေါ့။


LSW3 ရဲ့ Eth0/0/11 နဲ့ LSW4 ရဲ့ Eth0/0/1 ရှိတဲ့ လင့်မှာကျ LSW3 ရဲ့ RPC သည် LSW4 ထက်ငယ်
ကို ငယ်တယ်။ LSW4 ရဲ့ RPC သည် LSW3 ကိုဖြတ်သွားရမှ ရမှာလေ။ အဲ့ကြောင့် LSW3 ဘက်မှာ ရှိတဲ့ 
Eth0/0/11 port သည် DP ဖြစ်ပါတယ်။
ကျန်နေတဲ့ Port တွေ အားလုံးသည် Alternate Port ပဲ ဖြစ်ပါတယ်။ Alternate Port တွေသည်
Block လုပ်ထားတာ မို့  Traffice မရှိ data ပို့လို့မရပါဘူ။ အဲ့လို stp algorithm run ပြီး RP, DP, AP
သတ်မှတ်ထားခြင်းဖြင့် loop free topology ကို ရရှိစေပါတယ်။



Forwarding State မှာပဲ Dataတွေ ပို့ လွတ်တယ်ဆိုတာကို မှတ်ထားပါ။  ;-)  lab book မို့ Theory တွေအကျယ်ချဲနေရင် အိပ်ချင်မှာ ဆိုးလို့ပါ။


display stp brief နဲ့ စစ်ကြည့်ပါ။ ကျွန်တ်ာတို့တွေ ရွေးချယ်ခဲ့ သလို ဖြစ်မဖြစ်။



ခု Spanning Tree အလုပ် လုပ်ပုံကို မျက်စိထဲ မြင်ကျမယ်လို့ မျှော်လင့်ပါတယ်။ Default ဖြစ်နေတဲ့
topology ရဲ့ logical ကို နဲနဲ လေး ပြင်ကြည့်ကျရအောင်။ ကိုယ်တွေက Network ကို ကောင်းကောင်း
CONFIG လုပ်နိုင်ဖို့ ကြိုးစားနေကျတဲ့ သူတွေလေ.. အဲ့တော့ ကိုယ်စိတ်ကြိုက် ကိုယ့်requirement နဲ့ 
ကိုက်အောင် ပြင်ကြည့်ကျစို့ ..  ;-)


ခုပုံမှာဆို ဘယ်ဘက်က LSW1 သည် Root ဖြစ်နေပါတယ် အဲတာကို LSW3 ကို Root အနေနဲ့ 
ထားချင်တယ် ဆိုရင် switch ရဲ့ priority ကိုချိန်းပေးလို့ရတယ်။




Display stp နဲ့ ပြန်ကြည့်လိုက်ရင် LSW3 ရဲ့ Priority ကို 8192 အနေနဲ့  တွေ့ရပြီးတော့ သူ့ ကို
Root အနေနဲ့ တွေ့ရမှာပါ။


အဲ့လို Priority ကို [SW3]stp priority 8192  လို့ပြောင်း Root ဖြစ်အောင်လုပ်လို့ရသလို့ 
[SW2]stp root primary   ဆိုပြီးတော့လဲ Root Switch ဖြစ်အောင် လုပ်ပေးလို့ရပါတယ်။




Switch တိုင်းကို လိုက်ကြည့် ကြည့်ပါ 0    .4c1f-cca8-01c5 ကို root အနေနဲ့  ရှိနေတာကို တွေ့ ရပါမယ်။
ခု network တွေမှာဆို Root ကို access layer switch ထက် transport/core layer က switch တွေကို
Root အနေနဲ့ ထားကျပါတယ်။ root ရဲ့ port တိုင်းသည် DP ဖြစ်တာမို့ Forwarding state ဖြစ်နေတာမို့ပါ။
နောင် VLAN ခန်းရောက်ရင် ခုပြောတာကို ပိုပြီး မြင်လာလိမ့်မယ်လို့ မျှော့်လင့်ပါတယ်။


ခုနောက်တစ်ခါ LSW3 နဲ့ LSW4 ကြားက RP နဲ့ AP ကို ပြောင်းကြည့်ရအောင်။ ခုဆိုရင် LSW4 ရဲ့  Eth0/0/1
သည် Alternate Port (AP) ဖြစ်နေပါတယ်။ အဲ့တာကို Root Port (RP) ဖြစ်အောင် လုပ်ပါမယ်။


LSW4 အတွက် RP တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ အဲ့တွက် Eth0/0/1 သည် Eth0/0/11 နဲ့ ချိတ်ဆက်ထားပြီး
LSW4 ရဲ့ Eth0/0/2 သည် LSW3 ရဲ့ Eth0/0/10 ကို ချိတ်ထားပါတယ်။ Eth0/0/11 ကော Eth0/0/10 သည်
Priority 128 ပါ။ Priority သည် အတူတူ ဖြစ်လို့ port number ကြည့်တော့ 10 ကပိုငယ်တာမို့  LSW3 ရဲ့ eth0/0/10
နဲ့ ချိတ် ထားတဲ့ Eth0/0/2 က Root port ဖြစ်လာတာပါ
အဲ့တော့ LSW3 ရဲ့  Eth0/0/11 ကို priority ငယ်အောင် ပေးလိုက်ရင် သူနဲ့ ချတ်ထားတဲ့ LSW4 ရဲ့ Eth0/0/1
သည် Root Port ဖြစ်လာပါလိမ့်မယ်။
ခု ပြောင်းပြီးပြီ ဆိုတော့ LSW4 ဘက်ခြမ်းကို ပြန်ကြည့်ပါ။ RP သည် Eth0/0/1 သည် ဖြစ်နေပါလိမ့်မယ်။




<SW4>display stp interface Ethernet 0/0/2  နဲ့ စစ်ကြည့်လိုက်တာ priority 32 ရှိတဲ့ port နဲ့
ချိတ်ထားတဲ့ interface သည် RP အနေနဲ့ ရှိ နေပါလိမ့်မယ်။


Comments