HCNA - VLAN labs (access, trunk, hybrid port)


ခုဆက်ပြီး ဆွေးနွေးသွားမှာကတော့ VLAN ပါ။  VLANဆိုတဲ့အတိုင်းပဲ Virtual LAN network တွေ တည်ဆောက်မယ့် နေရာမှာ သုံးမယ့် feature တစ်ခုပါ။ ပြောရရင်တော့ physical switch  တစ်ခုမှာ logical switch (different network) တွေ အများကြီးကို isolateဖြစ်အောင် ခွဲပေးလိုက်တဲ့ သဘောပါပဲ..

အဲ့လို ခွဲပြီးသုံးတော့ ဘာတွေကောင်းလဲ ဆိုတော့ VLAN တစ်ခုဆီတိုင်းသည်  different subnet (different network) ဖြစ်တဲ့အတွက် broadcast Domain က သတ်သတ်ဆီ ဖြစ်သွားပြီ။ အဲ့အတွက်ကြောင့် VLAN “A” မှာ ဖြစ်နေတဲ့ Broadcast တွေသည် different network မှာ ရှိနေတဲ့ တစ်ခြား VLAN “B” တို့ VLAN “C” တို့ကို ရောက်မှာမဟုတ်ပါဘူး။ အဲ့ အတွက်ကြောင့် performace အနေနဲ့လဲ ပိုကောင်းလာပါတယ်။ Bandwidth လဲ waste မဖြစ်တော့ဘူးပေါ့။

Different Network  connectလုပ်မယ်ဆိုLayer 3 device ဖြစ်တဲ့ Routerတို့ Layer 3 switchတို့လိုပါတယ်။ အဲ့ကောင်တွေသည်လဲပဲ broadcast packet တွေကို forward လုပ်မပေးပါဘူး. သူ့ဆီရောက်လာတဲ့ broadcast packet တွေကို drop လုပ်ပစ်လိုက်တာပါ။

ရုံးတစ်ရုံးမှာ Department တွေရှိမယ် ဆိုကျပါစို.. HR dep, Finance dep, Sales dep, Engr dep, IT dep .. စသည်ဖြင့် အဲ့လို့department တွေရှိမယ်ပေါ့.. အဲ့ departmentတွေက computerတွေကို same network ထဲမှာ ထားတာထက် vlan တွေ ခွဲပြီး သူ့ဆိုင်ရာ ဆိုင်ရာ domain(Dep) တွေကို different network အနေနဲ့ထားတာက ပိုကောင်းပါတယ်။ Management လုပ်ရတာလဲလွယ်တယ်။ TShoot လုပ်ရတာလဲ ပိုကောင်းတာပေါ့. ပြီးတော့  same network တစ်ခုထဲမှာ အကုန်စုပြုံထားတာထက်စာရင် သူ့သက်ဆိုင်ရာ သက်ဆိုင်ရာ လေးတွေကို different network အနေနဲ့ ထားတာက security အရလဲ levelတစ်ခုထိ ကောင်းပါတယ်။
ခုပုံကတော့ Physical switch တစ်လုံးကိုမှာ VLAN တွေခွဲပြီး ထား ထားပုံပါ။
VLAN (different Network) တွေ connect လုပ်မယ်ဆို Layer 3 (IP) ကို router လုပ်ပေးနိုင်တဲ့ Router လိုပါတယ်။  Router On a Stick Lab ကျရင် လုပ်ရင်းနဲ့  မျက်စိထဲ ပိုမြင်လာပါလိမ့်မယ်။


Physical switch to switch ချိတ်တဲ့ interfaceတွေသည် Trunk ဖြစ်ဖို့လိုပါတယ်။ Trunk interface ကမှ tag လုပ်ထားတဲ့ vlan frame တွေကိုသယ်နိုင်တာပါ။

ခု Huawei ရဲ့  HCNA document ထဲ အခေါ်အဝေါ်လေးတွေနဲ့ ရင်းနီးအောင် အရင်လုပ်ကျရအောင်။

ပုံမှန် Ethernet frame ကို Vlan အတွက် IEEE က ထုတ်တဲ့ 802.1Q ကိုသုံးမယ်ဆို 4bytes ထပ် ထည့်ပါတယ်။ အပေါ်ကတော့ IEEE ရဲ့ dot1q frame ပုံစံပါ။

TPID (tag protocol ID) မှာဆို တစ်ခုမှတ်ထားစေချင်တာက TPID တန်ဖိုး 0x8100 ဆိုရင် အဲ့ကောင်သည် Tag လုပ်ထားတဲ့ frame. တစ်ခြား တန်ဖိုး တစ်ခုခု ဆိုရင် tag မလုပ်ထားတဲ့ ကောင်ဆိုတာ ကို သိရပါမယ်။

PRI (priority) က တော့ရှင်းပါတယ်။ သူ့မှာ priority တန်ဖိုး 0 ကနေ 7 ထိရှိပါတယ်။ တန်ဖိုးကြီးလေ Priority မြင့်လေပါပဲ။ ဘယ်ချိန်မှာ အသုံးဝင်လဲ သိသာလဲ ဆိုတော့ priority မြင့်တဲ့ frame သည် switch မှာ traffic ကျပ်နေတဲ့ အချိန်ဆိုသိသာပါတယ်။ Priority မြင့်တဲ့အတွက် ဦးစားပေးပြီး ပို့ဆောင်ပေးရလို့ပါ။

CFI (Canonical format indicator) ကိုတော့ ခနထားလိုက်ပါဦး..

VID (Vlan Identifier) ဆိုတာကတော့ သိကျတဲ့ အတိုင်း frame ကို သူတို့ ရဲ့  သက်ဆိုင်ရာ vlan တွေ အလိုက် identifed လုပ်ပေးတာပါ။ vlan 5 ကနေ ထွက်လာတဲ့ frame ဆို VID သည် 5 ပါ။ VID value သည် 1 ကနေ 4094 အထိ ပေးလို့ရပါတယ်။ 0 နဲ့ 4095 ကတော့ reserved အနေနဲ့ လုပ်ထားပါတယ်။

နောက် ခနနေ ကျရင် PVID ဆိုတာလေးကို ဆက်ရှင်းမယ်နော်.. ခုတော့ အပေါ်က ရှင်းခဲ့တဲ့ သုံးကောင်ကို နားလည်အောင် ပြန်ဖတ်ကျပါ။

VLAN မှာ အမျိုး အစား တွေ များကြီးရှိပါတယ်။ အဲ့ထဲကမှ ..
  1. Port-base VLAN
  2. MAC-base VLAN
  3. Protocol-base VLAN ဆိုတာကို HCNA အတွက် လေ့လာကျရပါမယ်။

Port-Base ကတော့ ရှင်းပါတယ်။ ဘယ် port သည် ဘယ် vlan နဲ့ သက်ဆိုင် တယ် ဆိုပြီး assigned ချပေးထားတာပါ။ CCNA မှာ တုန်းက interface fa0/0, switchport access vlan 5 ဆိုပြီး interface fa0/0 ကို vlan 5 နဲ့ တွဲထားပေး သလိုပါပဲ ..

ပြီးတော့ MAC-base ။ သူကလဲ သူ့နာမည် အတိုင်းပဲ MAC address တွေနဲ့ VLAN ရယ်ကို တွဲပေးထားတာပါပဲ။ vlan တစ်ခု ပေါ့နော် vlan 5 ပဲထားလိုက်ပါတော့.. Vlan 5 နဲ့ သက်ဆိုင်တဲ့ PC တွေရဲ့ MAC address တွေကို vlan 5 နဲ့ တွဲပြီး config ချ ပေးထားလိုက်တာပါ။ ဆိုတော့.. အဲ့ config ချထားတဲ့ MAC address တွေဝင်လာ ရင် vlan5 အတွက်ဆိုပြီးတစ်ခါတည် tag တွဲ ပေးလိုက်တာပါပဲ။ lab လုပ်လိုက်ရင်တော့ ပိုရှင်းသွားပါလိမ့်မယ်။

Protocol-base VLAN ဆိုတာကကျတော့ Protocol ပေါ်မူတည်ပြီးတော့ VLAN တွေ ခွဲ လိုက်တာပါ။ ဆိုလိုရင်းက IPv4 protocol ဆို ဘယ် VLAN, IPv6 ဆို ဘယ် VLAN ဆိုပြီးတော့ protocol ကို ကြည့်ပြီးတော့ VLAN ကို tag လုပ်တာပါ။ အပေါ်ကကောင်တွေလို port / MAC တွေကို ကြည့်ပြီးတော့ config အလိုက် သူတို့ သက်ဆိုင်ရာ သက်ဆိုင်ရာ Vlan တွေ assign ပေးထားတာပါ။

LAB မလုပ်ခင် သိစေချင်တာက Access port, Trunk Port & Hybrid port တို့ပါပဲ။ default Native vlan သည် VLAN 1 ပဲနော်။

Access port - -

  1. သူက end devices တွေ နဲ့ ချိတ်ဆက်တဲ့  Port ပါ။

  1. Vlan တစ်ခု တည်းနဲ့ ပဲ သက်ဆိုင်ပါတယ်။ (Single vlan)

  1. PC/printer လို end devices တွေကနေ လာတဲ့ Un-tagged Frame တွေကို tag လုပ်ပြီး Forward ပို့ လွှတ်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာကို ဥပမာလေး တစ်ခုနဲ့ ယှဉ်ကြည့်ရအောင် switch A ရဲ့  Port 1 to 4 ကို VLAN 2 (Green) ထဲ ကို assign ထည့်ထားတယ် ဆိုကျပါစို့ ။ PC A-1 ကနေ ထွက်လာတဲ့ frame သည် un-tag ပါ။ အဲ့ switch A port 1 ထဲကို ၀င်လာပြီနောက် forward ပို့ပေးတဲ့ အချိန်မှာတော့ tagged လုပ်ပြီး ပို့ပေးရပါမယ်။ ပို့ဖို့အတွက် PVID ကို ကြည့်ပါတယ်။ PVID ဆိုတာသည် port vlan id ပါ။ အဲ့port သည် ဘယ် vlan နဲ့ သက်ဆိုင်တယ် ဆိုတာကို ပြပေးတာပါ။ ခု example မှာဆို PC A-1 ချိတ်ထားတဲ့ port 1 ရဲ့ PVID သည် 2 ဖြစ်တဲ့  အတွက် 5 လို့ frame မှာ tag လုပ်ပြီး destintaion ကို ပို့လွှတ် လိုက်ပါတယ်။default Native vlan 1 ကိုတော့ untag အနေနဲ့ ပဲ ပို့ပေးတယ်နော် အမှတ်မမှားနဲ့ ဦး။

  1. အကယ်လို့ Tagged frame တွေ ၀င်လာခဲ့မယ် ဆိုရင်တော့ ၀င်လာတဲ့ frame တွေမှာ ရှိတဲ့ VID (VLAN ID) နဲ့  သူ့ ရဲ့ PVID (Port VLAN ID) ကို တိုက်စစ်ပါတယ်။ တူနေရင်တော့ forward ပို့ပေးပြီးတော့ မတူညီခဲ့ရင်တော့ ဖျက်ပစ် drop လုပ်ပစ် ပါတယ်။

Trunk port - - Single Untagged VLAN + Multiple Tagged VLANs

  1. Trunk port တွေ ဆီကို untagged frame တွေဝင်လာရင် PVID ကို အဲ့ဝင်လာတဲ့ frame မှာ Tag လုပ်ပေးလိုက်ပါတယ်။ trunk port တွေရဲ့ default PVID သည် 1 ပါ။ ပြီးတော့ trunk port တွေ frame တွေကို allowed လုပ်မယ့် vlan list နဲ့ တိုက်စစ်ပါတယ်။  စစ်လို့ အဆင်ပြေမှ forward ပို့ပေးပါတယ်။ vlan allowed list ထဲ မပါခဲ့ရင် ဖယ်ပစ်လိုက်ပါတယ်။

  1. Trunk Port ကို tagged frame တွေ ၀င်လာပြီဆိုရင်လဲ frame တွေရဲ့ VID ကို အရင်စစ်ပါတယ်။ vlan allowed list ထဲ မှာ ပါနေရင် forward ပို့ပေးပြီး မပါခဲ့ရင် discard လုပ်ပစ်ပါတယ်။

  1. တစ်ခြား switch တစ်လုံးရဲ့ trunk port ကနေပြီးတော့ Tagged frame တစ်ဝင်လာရင် VID ကို အရင် စစ်ပါတယ်။ VID သည် allowed vlan list ထဲ ရှိနေရင် PVID ကို ကြည်ပါတယ်။ ပို့တဲ့ trunk port PVID နဲ့ လက်ခံတဲ့ trunk port ရဲ့ PVIDသည် တူနေခဲ့ရင် tag ကို ဖြုတ်ပြီး un-tag အနေနဲ့ forward ပို့ပေးပါတယ်။

  1. တစ်ခြား switch တစ်လုံးရဲ့ trunk port ကနေပြီးတော့ Tagged frame တစ်ဝင်လာရင် VID ကို အရင် စစ်ပါတယ်။ VID သည် allowed vlan list ထဲ ရှိနေရင် PVID ကို ကြည်ပါတယ်။ ပို့တဲ့ trunk port PVID နဲ့ လက်ခံတဲ့ trunk port ရဲ့ PVIDသည် မတူနေခဲ့ဘူးဆိုရင် tag ကို မဖြုတ်တော့ပဲ forward ပို့ပေးပါတယ်။

Hybrid Port - - Support Untagged VLANs & Tagged VLANs

  1. Hybrid port ကို နာမည် အတိုင်း access လို ကော trunk လိုကော သုံးလို့ရတယ်လို့ လဲ ဆိုကျပါတယ်။ ဒါပေမယ့် သူက Trunk နဲ့ အတော်လေးတော့ ဆင်တူပါတယ်။ အဓိက မှတ်ထားရမှာက trunk မှာ ဆိုရင် untagged သည် native vlan ပဲ ရှိပြီး ကျန်တဲ့ vlan တွေသည် tag လုပ်ထားမှ forward လုပ်ပေးတာပါ။
  1. Hybrid ကကျတော့ Untagged vlan တစ်ခုထက် မက သွားလို့ရပါတယ်။ forward လုပ်ပေးပါတယ်။ Tagged Vlan တွေ အတွက်လဲ ထိုနည်းလည်းကောင်းပါပဲ။
  1. Hybrid ကကျ သိပ်မသုံးဘူးတော့ သီအိုရီတော့ဆန်တယ်။ ရှာပြီး ဖတ်ကြည့်သလောက်တော့ protocol base vlan တွေ အတွက် IP v4 တို့  V6 တို့မှာ ဆို vlan တွေ ကို separate လုပ်ဖို့.. ပြီးတော့ မြင်သာတဲ့ ဥပမာ နောက်တစ်ခုက တော့ IP Phone ကနေပြီးတော့ Switch Port ကိုချိတ်  အဲ့နောက် PC ကို IP Phone’s Switch port နဲ့ ထပ်ချိတ်. အဲ့လို topology မျိုးမှာဆိုလဲ voice/data vlan တွေ အတွက် hybrid ကို သုံးနိုင်ပါတယ်။
  2. ပြီးတော့ mac base vlan တွေမှာ ဆိုလဲ hybrid ကို သုံးကျပါတယ်။ ဘာလို့လဲ ဆိုတော့ port base တုန်းက port ပေါ် မူတည်ပြီး သက်ဆိုင်ရာ vlan ကို tag လုပ်ပေးရတာလေ။ MAC base တို့ ဘာတို့ ကျ port ကို ကြည့်ပြီး tag လုပ်စရာမလိုတော့ဘူး.. သူက mac နဲ့ ခွဲတာဆိုတော့..hybrid မှ ပို အဆင်ပြေတာ။ အောက်က mac base vlan lab ကျရင်တော့ ရှင်းရှင်းလင်းလင်း မြင်မယ်လို့ မျှော်လင့်ပါတယ်။

Summary for Access port, Trunk port, Hybrid port


No’
Port Type
Support Mode
Common Use Cases
Comment/s
1
Access
Single Untagged VLAN
PC / Printer to Switch

2
Trunk
Single Untagged VLAN + Multiple Tagged VLAN’s
Switch to Switch, Hypervisor to Switch
-VLAN 1 can be Tagged (Untagged by default)
3
Hybrid
Support Untagged VLAN’s & Tagged VLAN’s
Physical Connection: IP Phone to Network Switch Port & a PC to IP Phone’s Switch port
-Usually the Untagged VLAN number = Native/Default VLAN number

-Support for multi-Untagged Frames, usually require the use of protocol-based VLANs
Logical Connection: Voice VLAN as Tagged & Data VLAN as Untagged
-VLAN 1 can be Tagged (Untagged by default)

ဟုတ်ပြီ ခုဆို အခေါ် အဝေါ်လေးတွေလဲ သိပြီ.. အလုပ် လုပ်ပုံကိုလဲ နားလည်ပြီးဆိုတော့ lab လေး ဆက်လုပ်ကြည့်ကျရအောင်။

VLAN lab -1

    ခုလုပ်မယ့် lab ကနော့ Port base VLAN ပါ။ ထုံးစံ အတိုင်း vlan တွေ create လုပ်။ vlan ထဲ ကို port တွေ ထည့်။ cisco နဲ့ huawei ရဲ့ command structure က သိပ်မကွာပါဘူး။ အောက်က config လေးကို တစ်ချက် ကြည့် ကြည့်ကျရအောင်။



VLAN Lab - 1 ( Port base )
Create VLans

system-view

vlan 10
vlan create လုပ်ပါ
description Admin
vlan ကို နာမည် ပေးပါ။
quit

vlan 20
vlan create လုပ်ပါ
description NormalUser
vlan ကို နာမည် ပေးပါ။
quit

Assign port to Vlan 10

interface eth0/0/1
interface view ကို သွားပါ။
port link-type access
port ကို access port ပြောင်းပါ။
port default vlan 10
vlan 10 ထဲ ကို ထည့်လိုက်ပါ။
quit



interface eth0/0/2
interface view ကို သွားပါ။
port link-type access
port ကို access port ပြောင်းပါ။
port default vlan 10
vlan 10 ထဲ ကို ထည့်လိုက်ပါ။
quit

Assign port to Vlan 20

interface eth0/0/1
interface view ကို သွားပါ။
port link-type access
port ကို access port ပြောင်းပါ။
port default vlan 10
vlan 20 ထဲ ကို ထည့်လိုက်ပါ။
quit



interface eth0/0/2
interface view ကို သွားပါ။
port link-type access
port ကို access port ပြောင်းပါ။
port default vlan 10
vlan 20 ထဲ ကို ထည့်လိုက်ပါ။
quit




ကျွန်တော်တို့တွေ port တွေကို access type ပြောင်းတယ် vlan ထဲ ကို ထည့်ခဲ့တယ်။။ အဲ့တာတွေ မှန် မမှန် ဘယ်လို ပြန်ကြည့်မလဲ ဆိုတော့ အောက် command နှစ်ကြောင်း နဲ့  စစ်ကြည့်လို့ ရပါတယ်။

#display port vlan

ကျန်တဲ့ port တွေကတော့ default အတိုင်း hybrid အနေဲ့ ရှိနေပါတယ်။

#display vlan


Vlan 10 ထဲ က pc အချင်းချင်း vlan 20 ထဲ က pc အချင်းချင်း ping ကြည့်ပါ။ အဆင်ပြေနေပါလိမ့် မယ်။ vlan 10 ထဲ က  vlan 20 ထဲ က PC ကို ping မယ်ဆိုရင်တော့ ရဦးမှာ မဟုတ်ပါဘူး။ defferent network ဖြစ်သွားတာမို့ Layer3 device နဲ့ ချိတ်ဆက်ဖို့ လိုပါမယ်။

Router on a stick Lab

ခု topology မှာ ဆိုရင် vlan 30 အတွက် PC လေး လုံး ထပ်ထည့်တယ်။ port vlan assign လုပ်တာ ကို နောက်ထပ် config တစ်မျိုး ပြချင်လို့ .. ပြီးတော့ Router တစ်လုံးထည့်ထားပါတယ်။ အဲ့ကျမှ မတူညီတဲ့ Network တွေကို route လုပ်ပေးနိုင်မှာလေ။


Switch - Config

system-view

port-group group-member Ethernet 0/0/6 to Ethernet 0/0/9
interface တွေကို တစ်ုချင်း access type မပြောင်းတော့ပဲ
ပြောင်းရမယ့်ကောင်တွေကို group ဖွဲ လိုက်တာပါ။
port link-type access
အဲ့နောက် access port ကို ပြောင်းပါ။
quit

interface eth 0/0/5

port link-type trunk

port trunk allow-pass vlan all
allowed vlan list က default သည် 1 နော်။ အဲ့တော့ allow လုပ်မယ့် VLAN တွေထည့်ပါ။
quit

vlan 30

description Additional

port Ethernet 0/0/6 to 0/0/9
port တွေကို range လုပ်ပြီး vlan ထဲ ကို ထည့်ပါ။
quit





Router - Config

system-view



interface eth 0/0/0.10
sub interface view ကို သွားပါ
ip add 192.168.10.254 255.255.255.0
သက်ဆိုင်ရာ vlan အလိုက် ip ပေးပါ။
vlan-type dot1q 10
sub interface eth 0/0/0.10 သည် vlan 10 အတွက် လုပ်မှာ ဖြစ်လို့.. dot1q နဲ့ 
VID 10 အနေနဲ့  Tag လာရင် သိဖို့ config ထည့်ပါ။
quit

interface eth 0/0/0.20
sub interface view ကို သွားပါ
ip add 192.168.20.254 255.255.255.0
သက်ဆိုင်ရာ vlan အလိုက် ip ပေးပါ။
vlan-type dot1q 20
sub interface eth 0/0/0.20 သည် vlan 20 အတွက် လုပ်မှာ ဖြစ်လို့.. dot1q နဲ့ 
VID 20 အနေနဲ့  Tag လာရင် သိဖို့ config ထည့်ပါ။
quit

interface eth 0/0/0.30
sub interface view ကို သွားပါ
ip add 192.168.30.254 255.255.255.0
သက်ဆိုင်ရာ vlan အလိုက် ip ပေးပါ။
vlan-type dot1q 30
sub interface eth 0/0/0.30 သည် vlan 30 အတွက် လုပ်မှာ ဖြစ်လို့.. dot1q နဲ့ 
VID 30 အနေနဲ့  Tag လာရင် သိဖို့ config ထည့်ပါ။
quit




အဲ့နောက် မတူညီ vlan က PC တွေကို လှမ်း Ping ကြည့်ပါ။
တစ်ခုမှတ်ထားရမှာက PC မှာ default gateway ထည့်ပေးဖို့ မမေ့နဲ့နော်။ Different Network ကို သွားဖို့ Default Gateway ရှိမှ အဆင်ပြေမှာပါ။ vlan 10ထဲက PC အတွက်ဆို router VLAN 10 အတွက်မှာ config ချထားတဲ့ sub-interface IP ကို default gateway အနေနဲ့  ထည့်ရမှာပဲ ဖြစ်ပါတယ်။


အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Comments